Manu sports

ရေနစ်နေတဲ့ယူနိုက်တက်အသင်းကို ပရိသတ်တွေအသည်းပေါက်စေမယ့် အရာမျိုးနဲ့ ဝါးကူထိုးပေးလိုက်တဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်

ရေနစ်နေတဲ့ယူနိုက်တက်အသင်းကို ပရိသတ်တွေအသည်းပေါက်စေမယ့် အရာမျိုးနဲ့ ဝါးကူထိုးပေးလိုက်တဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်

ပြီးခဲ့တဲ့တနင်္ဂနွေညမှာကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်က မန်ယူအသင်းကို ၇ ဂိုးပြတ်နဲ့ မညှာမတာ အနိုင်ယူခဲ့ပါတယ်။

မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၉ ပွဲနိုင်ကာ ၂ ပွဲသရေကျခဲ့သလို ၁၁ ပွဲလုံးမှာ တိုက်စစ်ပိုင်းက အနိမ့်ဆုံး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂိုးမသွင်းနိုင်တဲ့ပွဲမရှိသလို၊ တစ်ဂိုးတည်းပဲ ရခဲ့တဲ့ပွဲလည်း မရှိပါဘူး။ ဘာစီလိုနာလိုအသင်းကိုတောင် နှစ်ကျော့လုံးမှာ ၂ ဂိုးစီသွင်းခဲ့တာပါ။

ကရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံးအသင်း နယူးကာဆယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော ခြေစွမ်းအရပါ အမြင့်ဆုံးကို ရောက်နေချိန်မှာ အခုလိုဖြစ်သွားတာ မယုံနိုင်စရာပါပဲ။

ဒီလိုအခြေအနေဖြစ်လို့ လောင်နေတဲ့ မန်ယူနိုက်တက် ပရိသတ်တွေအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ထပ်ပြီး လောင်စေမယ့် အပြုအမှုမျိုး လုပ်သွားခဲ့ပါတယ်။ အဲဒါကတော့ လီဗာပူးလ်အတွက်တော့ မန်ယူအသင်းနဲ့ ဆုံတွေ့သမျှတွေမှာ အကြီးဆုံးနိုင်ပွဲဖြစ်တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထုတ်ပြန်လိုက်လို့ပါဘဲ။

မန်ယူအသင်းနဲ့တွေ့ဆုံမှုတွေမှာ ဂိုးအပြတ်ဆုံးသာဖြစ်ပြီး တခြားအသင်းတွေနဲ့ပွဲစဉ်တွေတော့မပါဝင်ပါဘူး။ လီဗာပူးလ်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ၂ ပွဲမှာလည်း အန်ဖီးလ်မှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပြီး အိုးထရက်ဖိုဒ့်မှာတော့ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။

ယူနိုက်တက်အသင်း လီဗာပူးကိူ ၇-ဝရလဒ်ဖြင့်ရှုံးနိမ့်ခဲ့မှုမှာ ၁၉၃၁ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်အသင်းကို ၇ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဂိုးပြတ်ရှုံးပွဲဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာ အန်ဖီးလ်ကွင်းမှာ အနိုင်မရခဲ့ ၈ နှစ်ကျော် ကြာနေခဲ့ပြီ ဖြစ်ပါတယ်။မန်ယူဟာ လီဗာပူးကို နောက်ဆုံးအကြိမ် အနိုင်ယူခဲ့တာ (၂၀၁၆) ဇန်နဝါရီ (၁၇)ရက်နေ့တုန်းကလို့ သိရပါတယ်။