Manu sports

ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ကသက် ၁၆ နှစ်နဲ့ ပွဲဦးထွက်မှာပဲဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှုးလေး ဘီယန်ခီရီ

ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ကသက် ၁၆ နှစ်နဲ့ ပွဲဦးထွက်မှာပဲဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှုးလေး ဘီယန်ခီရီ

မန်ချက်စတာယူနိုက်တက်အကယ်ဒမီကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ လူငယ်တိုက်စစ်မှူးဂါဘရီယဲလ်လီဘီယန်ခီရီဟာယူ-၁၈ အသင်းအတွက် ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသက်(၁၆)နှစ်သာရှိသေးတဲ့ ဝေးလ်စ်လူငယ်ကြယ်ပွင့် ဘီယန်ခီရီဟာ ဗြိတိန်ဘောလုံးလောကရဲ့ အလားအလာရှိတဲ့ လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံထားရပြီး,ပြီးခဲ့တဲ့လကတည်းက ယူနိုက်တက်အသင်းမှာ

ဆေးစစ်မှုခံယူခဲ့တာဖြစ်ပေမယ့် စာရွက်စာတမ်းကိစ္စနဲ့ဖီဖာဆီကနေ အသိအမှတ်ပြုချက်ရဖို့ စောင့်ဆိုင်းနေရတာကြောင့်အခုမှ တရားဝင်ပြောင်းရွှေ့နိုင်ခဲ့တာပါ။

အခုလောလောဆယ်ယူနိုက်တက်အသင်းက ဘီယန်ခီရီကို Scholar ပုံစံနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အသက်(၁၇)နှစ်ပြည့်မယ့် စက်တင်ဘာလကျရင်ဘီယန်ခီရီနဲ့ နှစ်ရှည်သက်တမ်းရှိတဲ့ပရော်ဖက်ရှင်နယ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ဘီယန်ခီရီဟာလိဒ်စ်ယူ-၁၈နဲ့ပွဲမှာယူနိုက်တက်ယူ-၁၈အ သင်း အတွက်ပွဲဦးထွက်ခွင့်ရခဲ့ပြီးဒုတိယပိုင်း(၈၄) မိနစ်မှာ တတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ နိုင်ပွဲမရခဲ့ဘဲ နောက်ကျချေပဂိုးတွေပေးခဲ့ရတာကြောင့် ပွဲအပြီး (၃-၃)ဂိုးစီသရေကျခဲ့လို့ဘီယန်ခီရီဟာ ပွဲဦးထွက်မှာ နိုင်ပွဲမရခဲ့ပါဘူး။