Manu sports

ယူနိူက်တက် နဲ့ ပက်သက်ပြီးမေးခွန်းတွေအများကြီးထုတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုလိုက်တဲ့ ပေါလ်စခိုးလ်

ယူနိူက်တက် နဲ့ ပက်သက်ပြီးမေးခွန်းတွေအများကြီးထုတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် စခိုးလ် က လီဗာပူး အသင််းကို7ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြတဲ့ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ရှက်သင့်ကြောင်း ၊ နုံအလွန်းကြကြောင်း ထိုးနှက်သွားခဲ့လိုက်ပေမဲ့ ဒါက ထူးဆန်းတဲ့ ရလဒ် တစ်ခုမျှပဲလို့ ပြန်လည် ဖာထေးခဲ့လိုက်ပါတယ် ။

သြဂုတ်လ ပထမ အကျော့တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင််းထဲမှာ လီဗာပူး အသင်းကို 2 – 1 နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်ဖီးလ် ကွင်းထဲ ကစားရတဲ့ အခါမှာတော့ ခါးသီး ပြိုင်ဖက် အသင်းကို 7 ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ရဲ့ ကစားပုံ သိပ်မဆိုးခဲ့ပေမဲ့ တစ်ဂိုး ပေးခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာတော့ ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ နုံချာလွန်းခဲ့ပြီး နောက်ထပ် 6 ဂိုးကို ဆက်တိုက်ဆိုသလိို ပေးခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာ လီဗာပူး အသင်း အတွက် သွင်းဂိုးတွေကိုတော့ ကိုဒီ ဂတ်ပို (2 ဂိုး) ၊ ဒါဝင် နူးနက်ဇ် (2 ဂိုး) ၊ မိုဟာမက် ဆာလာ (2 ဂိုး) နဲ့ ရောဘတ်တို ဖာမီနို (1 ဂိုး) တို့က အလှည့်ကျ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး သမိုင်းဝင် နိုင်ပွဲ ဖြစ်သွားစေနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ အဝေးကွင်းမှာ လီဗာပူးနဲ့ မန်စီးတီး အသင်းတို့ကို 13 ဂိုးအထိ ပေးခဲ့ရပြီပဲ ဖြစ်ပါတယ်် ။ အခုတော့ ပေါလ် စခိုးလ် က အဆိုပါ အချက်တွေကို ထောက်ပြပြီး ဒါတွေဟာ ကစားသမားတွေရဲ့ နုံချာလွန်းတဲ့ ကစားပုံပဲလို့ ထိုးနှက််သွားခဲ့လိုက်ပါတယ် ။

ဒါ ယူနိုက်တက် ၊ အသင်း နဲ့ ကစားသမားတွေရဲ့ နုံချာလွန်းတဲ့ ကစားပုံပဲ ဖြစ်ခဲ့ရပါတယ် ။ သူတို့ဟာ မန်စီးတီးကို 6 ဂိုးပေးခဲ့ရပြီး လီဗာပူးကို 7 ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ဒီနေရာက သွားပြီး ပြိုင်ဖက် ကစားပုံကို ရပ်တန့်ပြရမယ့်နေရာမျိုးလေဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ပါဘူး ”

ဒီလို ရလဒ်မျိုးကြောင့် အရှက်မကွဲစရာ အကြောင်းကို မရှိပါဘူး ။ ဒါက ယူနိုက်တက် အတွက်တော့ ထူးဆန်းလွန််းတဲ့ ရလဒ်ပါပဲ ။ ဒီနေ့ပွဲမှာ အရာရာတိုင်းဟာ ဆန့်ကျင်ဖက်ချည်း ဖြစ်ခဲ့ရပါတယ် ။ သူတို့ ဒါကိုလက်ခံပြီး ကျော်ဖြတ််ပြဖို့ လုပ်ရပါတော့မယ် ”

ဒီပွဲဟာ 3 မှတ် ရှုံးတာတင် မဟုတ်ပါဘူး ၊ ဒီပွဲစဥ်က ယူနိုက်တက်တို့ ဘယ်နေရာတွေမှာ အားနည်းချက်တွေ ရှိနေသလဲဆိုတာကိုပါသိသာပေါ်လွင်စေခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းကိုလည်း ပိုးစိုးပက်စက် ပြောလွှတ်လိုက်ဖို့လည်း တကယ်ပဲ ခက်ခဲလှပါတယ် ”

ဒါက ထူးဆန်းတဲ့ ရလဒ်တစ်ခုမျှပါပဲ ။ အခုချိန်မှာ မေးခွန််းထုတ်စရာက သူတို့တွေ ဆက်ပြီး ညံ့ဖျင်းကြမှာလား ၊ ဒါမှမဟုတ် ဒါကို ကျော်ဖြတ်ပြနိုင်မလားဆိုတာပါပဲ ။ သူတို့ ဒါကို ကျော်လွှားပြီး ok နိုင်မယ်လို့ ကျွန်တော်ထင်မိပါတယ် ” လို့ ပေါလ် စခိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်် ။
crd