Manu sports

ယူနိုက်တက် ကို အာချောင်မိလို့ ပရိသတ်တွေ ရဲ့ တုန့်ပြန်ခြင်းကို ပြန်ခံလိုက်ရတဲ့ ပီးရက်စ် မော်ဂန်

ယူနိုက်တက် ကို အာချောင်မိလို့ ပရိသတ်တွေ ရဲ့ တုန့်ပြန်ခြင်းကို ပြန်ခံလိုက်ရတဲ့ ပီးရက်စ် မော်ဂန်

မန်ချက်စတာယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကိုအန်ဖီးလ်ဒ်မှာ ၇ ဂိုး- ဂိုးမရှိဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက်နာမည်ကြီး အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ပီးရက်စ် မော်ဂန်က

နည်းပြ အဲရစ် တန်ဟန့်ကို သူ့ရဲ့ တွစ်တာအကောင့်ကနေအမျိုးမျိုးရေးသားကာ တိုက်ခိုက်ခဲ့ပါတယ်။ မော်ဂန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန်ယူအသင်းနဲ့ တန်ဟန့်ကို ဝေဖန်တဲ့ အင်တာဗျုးကိုခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်သူ မော်ဂန်ကမန်ယူအသင်း အခုလိုရှုံးနိမ့်တဲ့အပေါ် အပျော်ကြီးပျော်နေပြီး၊ရော်နယ်ဒိုကို ကောင်းကောင်းမဆက်ဆံခဲ့တာကြောင့် အခုလိုမျိုးဝဋ်လည်တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပထမဦးစွာ ကာရာဘောင်းဖလားတုန်းက တန်ဟန့်နဲ့ အန်တိုနီ၊မာတီးနက်ဇ်တို့အတူကနေတဲ့ ဓါတ်ပုံကို ရှယ်ကာ ” ဒီညတော့ ငါတို့ဘာကတာမှ မမြင်ရတော့ဘူးဟေ့ ”လို့ရေးကာ မော်ဂန်က လှောင်ပြောင်ခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟန့်က ရော်နယ်ဒို ထွက်သွားတုန်းကသူ အိပ်မပျော်တာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုတဲ့ သတင်းကို ရှယ်ကာ” မင်းရဲ့ ဒီည ကောင်းကောင်းအိပ်ပျော်ပါစေ၊ ဉာဏ်ကြီးရှင်လေး ”လို့ လှောင်ပြောင်ခဲ့ပြန်ပါတယ်။

ဆက်လက်၍ ထပ်မံပြီးတော့ ရော်နယ်ဒိုနဲ့သူ အတူရိုက်ထားတဲ့ပုံကို တင်ကာ ” ရယ်စရာကောင်းလိုက်တာ၊ဝဋ်ဆိုတာ ပြန်လည်တတ်တယ် ” လို့ ရေးသားခဲ့ပြန်ပါတယ်။အဆိုးဆုံးကတော့ ” တန်ဟန့်က အခုချိန်ထိ မထွက်သေးဘူးလား။

အခုလိုဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ကို ဘယ်လိုမန်ယူနည်းပြမျိုးက ရှင်သန်နိုင်မာလဲ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ထို့အတွက်ကြောင့် အာဆင်နယ်ပရိသတ်ဖြစ်တဲ့ မော်ဂန်ကိုမန်ယူပရိသတ်တစ်ဦးက ” လွန်ခဲ့တဲ့နှစ် အနည်းငယ်တုန်းကငါတို့မင်းတို့ကို ၈ ဂိုး- ၂ ဂိုးနဲ့ ဆော်ခဲ့တာကို အမှတ်ရမိတယ်။

အဲ့ဒီတုန်းက မင်းတို့ နည်းပြ ဘာဖြစ်သွားခဲ့သေးလဲ။ သူ အထုတ်ခံရသေးလား။ရှုံးပွဲအပြီးသူ ချက်ချင်း နှုတ်ထွက်သွားတာလား ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။