Manu sports

လာမယ့်ရာသီတွင် ပရီးမီးယားလိဂ်ရဲ့ ကစားချိန်ကို အပြောင်းလဲတစ်ရပ်ပြုလုပ်လိုက်တဲ့ ဖီဖာ

လာမယ့်ရာသီတွင် ပရီးမီးယားလိဂ်ရဲ့ ကစားချိန်ကို အပြောင်းလဲတစ်ရပ်ပြုလုပ်လိုက်တဲ့ ဖီဖာ

ဖီဖာက၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်နာကျင်အချိန်ပိုတိုးမြှင့်ပေးခဲ့ပြီးနောက်ပရီးမီးယားလိဂ်ဟာလည်းလာမယ့်ဘောလုံးရာသီမှစတင်ကာနာကျင်အချိန်ပိုပိုမိုတိုးမြှင့်အသုံးပြုလာတော့မှာဖြစ်ပါတယ်။

Premier League Season Launch 2022-23 at the Forest Sports Zone, NG7 6LD Nottingham 2AUG22 – Copyright Phil Greig / greigphoto 2022

ဖီဖာဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်နာကျင်အချိန်ပို၄မိနစ်ထက်ပိုပြီးတော့လည်းကောင်း၊ယူရို၂၀၂၀ပြိုင်ပွဲတွင်၅မိနစ်ထက်ပိုပြီးတော့

လည်းကောင်းအသုံးပြုပြီးနောက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တော့နာကျင်အချိန်ပိုအပါအဝင်၁၀၂မိနစ်အထိကစားစေခဲ့ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့စုစုပေါင်း၆၂ပွဲမှာ၄၃ပွဲတွင်မိနစ်၁၀၀အထိကစားခဲ့ပြီးအင်္ဂလန်နှင့်အီရန်တို့ပွဲမှာ၁၁၇ မိနစ်အထိကစားခဲ့ပါတယ်။

ယင်းသို့နာကျင်အချိန်ပိုပိုမိုပေးလာခြင်းမှာVAR ကဆုံးဖြတ်ရန်အချိန်ယူမှု၊ကစားသမားများဒဏ်ရာရရှိမှု၊ပင်နယ်တီ၊ အနီကတ်အသုံးပြုမှု၊ကစားသမားများရဲ့အချိန်ဖြုန်းတီးမှုတို့ကြောင့်ဖြစ်ပါတယ်။

ယခုအခါဖီဖာဟာပရီးမီးယားလိဂ်အပါအဝင်တစ်ကမ္ဘာလုံးမှဘောလုံးလိဂ်များအားလာမယ့်ဘောလုံးရာသီမှစတင်ကာနာကျင်အချိန်ပိုတိုးမြှင့်အသုံးပြုရန်အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း The Telegraph ကဖော်ပြသွားပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များအနေဖြင့်လာမယ့်ဘောလုံးရာသီမှစတင်ကာပရီးမီးယားလိဂ်ပွဲများကိုမိနစ် ၁၀၀အထိကြည့်လာရတော့မှာဖြစ်ပါတယ်။crd