Manu sports

နည်းပြတန်ဟက်ဂ်အပစ်ပေးဖို့ထက်မံထုတ်ခဲ့တဲ့ စည်းကမ်းကြောင့်စကားသမားအားလုံးအတွက် လန့်စရာဖြစ်လာမှာပါ

နည်းပြတန်ဟက်ဂ်အပစ်ပေးဖို့ထက်မံထုတ်ခဲ့တဲ့ စည်းကမ်းကြောင့်စကားသမားအားလုံးအတွက် လန့်စရာဖြစ်လာမှာပါ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာလီဗာ ပူးလ်နဲ့ပွဲအပြီးမှာအကြီးအကျယ်ဒေါသပေါက်ကွဲပြီး သူ့ကစားသမားတွေကို ‘Hairdryer Hreatment’ ပုံစံသုံးပြီးတော့ အပြစ်ပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာအခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်ကို (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးဒီရှုံးပွဲက ၁၉၃၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၉၁)နှစ်ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်အသင်းတစ်သင်းကို (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်သလို အဲရစ်တန်ဟက်ရဲ့ နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးဂိုးပြတ် ရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒီလိုဆိုးရွားတဲ့ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက်အဲရစ်တန် ဟက်ဟာ တစ်ခါမှ မတွေ့ဖူးလောက်အောင် ဒေါသပုန်ထခဲ့ပြီးအဝတ်လဲခန်းထဲမှာ သူကစားသမားတွေကို အော်ဟစ်ကြိမ်းမောင်းခဲ့ပါတယ်။ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့သူတစ်ဦးက “အဲရစ်တန်ဟက်ဟာ တော်တော်ကိုဒေါသပေါက် ကွဲခဲ့တာပါ။ ပွဲအပြီးမှာ သူက အဝတ်လဲခန်းထဲကို တစ်ခါတည်းဝင်သွားပြီး ကစားသမားတွေ ရောက်လာချိန်မှာ ပိုးဆိုးပက်စက် အော်ဟစ်

ကြိမ်းမောင်းခဲ့ပါတယ်ဒါကလုံး၀hairdryer treat ment ပုံစံဖြစ်ပါတယ်။အဲရစ်တန်ဟက်က ရှုံးပွဲအတွက် လက်ခံပေးလို့ရပေမယ့် ကစားသမားတွေရဲ့ခြေစွမ်းဟာ ပရော်ဖက်ရှင်နယ် မပီသဘူးလို့ ကြိမ်းမောင်းခဲ့ပါတယ်။

အဲရစ်တန်ဟက်က,ကစားသမားတိုင်းကို ဆူပူခဲ့တာဖြစ်ပြီး သူအပါအဝင်ကစားသမားတစ်ယောက်ချင်းစီဟာ အခုရှုံးပွဲက အမှားတွေကို သင်ခန်းစာယူပြီးတော့ပိုကောင်းအောင် ကြိုးစားရမယ်ဆိုပြီး သတိပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ကစားသမားတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့အဝတ်လဲခန်းထဲမှာ စကားမပြောခိုင်းဘဲ တစ်ဖက်က လီဗာပူးလ်အဝတ်လဲခန်းထဲမှာကစားသမားတွေ အော်ဟစ်အောင်ပွဲခံနေတဲ့အသံတွေကို နားထောင်ခိုင်းပြီးကိုယ့်ကိုယ်ကို အရှက်ရအောင်နဲ့ နောက်တစ်ခါ ဒီလိုမျိုး မကြုံတွေ့ရအောင်စိတ်ဓာတ်ခွန်အားအဖြစ် အသုံးချဖို့ သတိပေးခဲ့ပါတယ်။

ဒ့ါအပြင်အဲရစ်တန်ဟက်ဟာ ကစားသမားတွေကို အသင်းဘတ်စ်ကားနဲ့မပြန်ခိုင်းဘဲယူနိုက်တက်ပရိသတ်တွေနဲ့အတူ တူ လိုက်ပြန်ဖို့အထိပြစ်ဒဏ်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့နီးစပ်တဲ့သူတစ်ဦးက

အဝတ်လဲခန်းထဲမှာ အဲရစ်တန်ဟက်က သူ့ကစားသမားတွေကိုပရိသတ်တွေနဲ့အတူ မပြန်ရဘဲ အသင်းဘတ်စ်ကားနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကိုပြန်ခွင့်ပေးလိုက်တာက မင်းတို့ တော်တော်ကံကောင်းတယ်မှတ်ပါ’လို့ ပြောခဲ့ပါတယ်။

နောက်တစ်ခါ ဒီလို အရှက်တကွဲရလဒ်နဲ့ရှုံးပွဲတွေ့မယ်ဆိုရင် ဘယ်သူ့ကိုမှအခွင့်အရေးပေးမှာမဟုတ်ဘဲ စီနီယာကစားသမား အားလုံးကို ယူ-၂၁ အသင်းမှာသွားကစားခိုင်းမယ်ဆိုပြီးသတိပေးခဲ့ပါသေးတယ်”လို့ The Mirror သတင်းစာကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။