Manu sports

ပြီးခဲ့တာတွေကိုစဥ်းစားမနေနဲ့လက်ကျန်ပွဲတွေသာအာရုံစိုက်ပြီး ဖလားယူရမယ်လို့ အသင်းသားတွေကို ရက်ရှ်ဖိုဒ့် ချပြပြောဆို

ပြီးခဲ့တာတွေကိုစဥ်းစားမနေနဲ့လက်ကျန်ပွဲတွေသာအာရုံစိုက်ပြီး ဖလားယူရမယ်လို့ အသင်းသားတွေကို ရက်ရှ်ဖိုဒ့် ချပြပြောဆို

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်က လီဗာပူးလ်နဲ့ပွဲမှာအရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဟာ ပြင်ဆင်လို့ မရတော့ဘဲ အဲဒီရှုံးပွဲကြောင့်လက်ကျန်ရာသီဝက်မှာ အသင်းရဲ့ဆုဖလားမျှော်လင့်ချက်တွေအတွက်အတိမ်းအစောင်းခံလို့ မရဘူးဆိုပြီး သတိပေးစကားဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို (၇-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်သာမက အင်္ဂလန်အဆင့်မြင့်တန်းပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။

ဒီရာသီမှာ ပုံစံကောင်းပြသနေတဲ့ ရပ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်၊ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်တို့အားလုံး စိတ်ပျက်စရာခြေစွမ်းပြသခဲ့ပြီးအခုလို အရှက်ရစရာရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အခု ရှုံးပွဲကြောင့်ယူနိုက်တက်အသင်းရဲ့ဖလား(၄)လုံးမျှော်လင့်ချက်ထဲက ပရီးမီးယားလိဂ်ဖလားတစ်လုံးကိုတော့ သေချာပေါက် လက်လွှတ်လိုက်ရပြီဖြစ်ပေမယ့်FA နဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲအောင် ကြိုးစားရမှာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်က ‘လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ဖို့ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်သလိုဖြစ်မလာဘဲအခုလို ဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီး အခုအချိန်မှာ ဘာမှ ပြန်ပြင်လို့မရတော့ပါဘူး။

ဒီရှုံးပွဲကြောင့်ကျွန်တော်တို့ရဲ့လက်ကျန်ရာသီဝက်ကိုအတိမ် အစောင်းခံလို့မရပါဘူးအသင်းရှေ့ဆက်သွားမယ့်လမ် းကြောင်းအပေါ် ယုံကြည်မှုအပြည့်နဲ့ ညီညွတ်မှုရှိရှိရှေ့ဆက်လျှောက်လှမ်းရမှာဖြစ်ပါတယ်’လို့ သူ့ Twitter မှာ Post တင်ခဲ့ပါတယ်။