Manu Space X

စပါးအသင်းတိုက်စစ်မှုး ဟယ်ရီကိန်း ကို ခေါ်ယူဖို့အပြင်းထန် ဆက်သွယ်မှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်အသင်း

စပါးအသင်းတိုက်စစ်မှုး ဟယ်ရီကိန်း ကို ခေါ်ယူဖို့အပြင်းထန် ဆက်သွယ်မှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် ရာသီ မှာ အသင်း အတွက် ကမ္ဘာ့အဆင့် တိုက်စစ် မှုး တစ်ဦး ကို မဖြစ် မနေ ခေါ်ယူမည် ဖြစ်သည်။နည်းပြတန်ဟတ်ဟာ ဆောင်းစျေးကွက်မှာတုန်းက

အထောင်တိုက်စစ်နေရာအတွက် ဝဂ်ဟော့စ်ကိုသာ အငှါးဖြင့် ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်သွားပြီးနောက် တိုက်စစ်ပိုင်းပြဿနာကို ဖြေရှင်းဖို့အတွက် နည်းပြတန်ဟတ်အနေနဲ့ ချိတ်ဆက်မှုတွေစတင်ပြုလုပ်လာပြီဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရမန်ချက်စတာယူနိုက်တက်အသင်းသည် ဟယ်ရီကိန်း၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများကြောင့် အားတက်စရာအခြေအနေရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ပရီးမီးယားလိဂ်မှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတဲ့ စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ပရိသတ်အများစု အသင်းပြောင်းစေချင်ကြပါတယ်။

အင်္ဂလန်ပရိသတ်တွေကရော ကမ္ဘာတဝန်းက တိုက်စစ်မှူး ပရိသတ်တွေရောက ဟယ်ရီကိန်း စပါးမှာဆက်နေရင် ဖလားမရနိုင်ဘူးလို့ ယူဆတာကြောင့်ဖြစ်ပါတယ်။ကစား သမားကိုယ်တိုင်ကလဲ လာမယ့် ရာသီ မှာ စပါး အသင်း မှ ထွက်ခွာရန်သေချာသလောက်ရှိနေတာလဲ ဖြစ်ပါတယ်။

စပါးအသင်းဟာ တိုက်စစ်မှုးဖြစ်သူ ဟယ်ရီကိန်း ကို ယူရို သန်း ၁၀ဝ ရပါက ရောင်းချသွားမည်ဖြစ်ပြီး အန်တိုနီယို ကွန်တီရဲ့အသင်းဟာ ဟာရီ ကိန်းအတွက် ၎င်းတို့ တောင်းဆိုထားတဲ့ ပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ ငြင်းပယ်သွားမှာ ဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာအသင်းနဲ့အတူစာချုပ်၁၆လသာသက်တမ် ကျန်ရှိတော့တဲ့ ဟယ်ရီကိန်းအတွက် လာမယ့်နှစ် နွေရာသီမှာခေါ်ယူကမ်းလှမ်းမှုတွေကိုနားစွင့်သွားမယ်လို့သိရသည်။