စီးရီးအေမှာခြေစွမ်းပြနေတဲ့ရိုးမားကြယ်ကိုခေါ်ယူဖို့ပစ်မှတ် ထားနေတဲ့ ယူနိုက်တက်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာရိုးမားအသင်းတိုက် စစ် မှူးအေဘရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကစားသမား ဟာ
၂၀၂၁ခုနှစ်ကချယ်လ်ဆီးအသင်းကနေရိုးမားကိုပေါင်(၃၄) သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကျော်အတွင်းမှာပဲ ရိုးမားအသင်းအတွက်(၈၇)ပွဲကစား၊ (၃၄)ဂိုးသွင်းယူခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကသူဟာ ပြိုင်ပွဲစုံ(၂၇)ဂိုးသွင်းပြီး နှစ်ပေါင်း(၆၀)အတွင်းအသင်းအတွက် ပထမဆုံး ဥရောပအောင်မြင်မှုအဖြစ် UEFA EuropaConference League ချန်ပီယံဆုရရှိအောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် ယူနိုက်တက်အသင်းကလာမယ့်နွေရာသီကျရင် ကမ်းလှမ်းမှုပြုလုပ်ဖို့အတွက်သူ့ခြေစွမ်းကို ကင်းထောက်တွေ စေလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတယ်လို့နာမည်ကျော်The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အငှားနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဗက်ဟော့တ်ကို ရာသီကုန်ကျရင်အပြီးသတ်စာချုပ်,ချုပ်ဆိုဖို့ ဆန္ဒမရှိတာကြောင့်လာမယ့်နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် ယူနိုက်တက်အသင်းကအေဘရာဟမ်ကို လာမယ့်နွေရာသီကျရင် ကမ်းလှမ်းမှုပြုလုပ်ဖို့အတွက်သူ့ခြေစွမ်းကို ကင်းထောက်တွေ စေလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတယ်လို့နာမည်ကျော် The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အငှားနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဗက်ဟော့တ်ကို ရာသီကုန်ကျရင်အပြီးသတ်စာချုပ်,ချုပ်ဆိုဖို့ ဆန္ဒမရှိတာကြောင့်လာမယ့်နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။