ယူနိုက်တက်အသင်းအဓိကပြင်ဆင်ရမယ့်နေရာ(၃) နေရာ
မန်ယူနိုက်တဒ်အသင်းအတွက် (၉၂)နှစ်အတွင်း အကြီးမားဆုံး အရှက်တကွဲရှုံးနိမ့်မှုအဖြစ် လီဗာပူးလ် ကို (၇)ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ နည်းပြကြီး တန်ဟဂ်ရဲ့အသင်းမှာ ပြုပြင်စရာလိုအပ်တဲ့ အချက်တွေ ရှိနေတာကိုသိသာထင်ရှားစွာမြင်တွေ့နေရမှာပဲဖြစ်ပါတယ်။
ယူနိုက်တဒ် ကို ကမ္ဘာ့ဖလားအလွန်မှာ အကောင်းဆုံး နဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းချုပ်ထားနိုင်ခဲ့တဲ့ တန်ဟဂ်အတွက်အန်ဖီးလ်ရှုံးပွဲဟာပြင်းထန်တဲ့
ထိုးနှက်မှုဖြစ်လာပြီး လာမယ့်ရာသီမှာ ဒီလိုအခြေအနေဆိုးကနေရှောင်လွှဲနိုင်ဖို့ဆိုရင်နွေရာသီအတွင်း လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့လိုပါတယ်။
ယူနိုက်တဒ် ရဲ့ နံပါတ်တစ် လိုအပ်ချက်က တိုက်စစ်မှုးစစ်စစ် လိုအပ်ခြင်းဖြစ်ပါတယ်။ မာစီရယ် ဟာ အားထားလို့မရတဲ့ ကစားသမားဖြစ်ပြီး ဝက်စ်ဂိုစ့် ဟာ လည်း ပွဲထွက်ကစားသမားအဖြစ် ယုံကြည်ရ
လောက်သူမဟုတ်တဲ့အခြေအနေမှာ ယူနိုက်တဒ် တိုက်စစ်အတွက် နည်းစနစ်အံဝင်ပြီးဂိုး(၃၀)အ ထက် သွင်းယူနိုင်မယ့် တိုက်စစ်မှုးစစ်စစ် တစ်ဦးလိုအပ်မယ်ဆိုတာ သိသာနေပါတယ်။
လက်ရှိမှာ ရရှ်ဖိုဒ့် က တာဝန်ယူထားပေမယ့် လီဗာပူးလ်နဲ့ပွဲကလို ပိတ်ဆို့ခံရချိန်မှာတော့ အစားထိုးဖြည့်တင်းပေးနိုင်မယ့် တိုက်စစ်မှုးမျိုးလိုအပ်နေပါတယ်။ယူနိုက်တဒ် ရဲ့ ဒုတိယလိုအပ်ချက်က ဒီဂျောင် လိုကစားသမားမျိုး လို့သာ တိုက်ရိုက်ပြောရင်ပိုမှန်ပါလိမ့်မယ်။
ကွင်းလယ်မှာ ဘောလုံးနိုင်နင်းသလို ဖိအားပေးမှုဒဏ်ခံနိုင်ပြီးတိုက်စစ်ကို ဆွဲယူနိုင်တဲ့နံပတ်(၈)ကွင်းလယ်ကစားသ မားလိုအပ်နေပြီး ကတ်စမဲရိုး နဲ့ ဘရူနို ကြား ဝန်မျှထမ်းပြီး ကစားကွက် တည်ဆောက်ပေးနိုင်မယ့်သူလိုအပ်ပါတယ်။ ဒီနေရာအတွက် ဒီဂျောင် ကသာလျှင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေပါတယ်။
တတိယလိုအပ်ချက်ကတော့ ဂိုးသမား အပြောင်းလဲဖြစ်ပြီး ဂိုးကာကွယ်မှုတစ်ခုသာ ပြုလုပ်တတ်တဲ့ ဒဟေးယား ထက် အသင်းကစားကွက်မှာပါဝင်နိုင်ပြီး ရှေ့ထွက်ဖျက်တာ၊ဖမ်းတာတွေပြုလုပ်နိုင်တဲ့ Sweep keeper ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရန်လိုအပ်နေပါတယ်။
crd