ကိုကိုတို့အတွက် မမတွေက ဂိုးဒါဇင်ဝက် သွင်းခဲ့ဖူးတာနဲ့ ပြန်လည်ချေပရတော့မယ့် ယူနိုက်တက်
ပြီးခဲ့တဲ့တနင်္ဂနွေက အန်ဖီးလ်မှာ ၇ ဂိုးပြတ်နဲ့ရှုံးခဲ့တာဟာ မန်ယူအသင်းသမိုင်းမှာ စံချိန်တင်အရှုံးတစ်ခုဖြစ်ခဲ့ပြီးတဲ့နောက်မန်ယူအသင်းသားတွေတင်မဟုတ်ဘဲ ကမ္ဘာအနှံက အသင်းပရိသတ်တွေပါ ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒါဟာ တန်ဟက်လက်ထက် ဒီရာသီမှာ အမျိုးသားအသင်းဟာ ပြန်လည်ဦးမော့လာပေမယ့်ပူပူနွေးနွေးဂိုးပြတ်အရှုံးဟာ အမည်းစက်ကြီးတစ်ခုလို ဖြစ်ခဲ့ရတာပါ။
ဒီဖြစ်ရပ်ကို မန်ယူအသင်း ပရိသတ်တွေက မခံချိမခံသာဖြစ်ခဲ့ရတာကြောင့်လည်းလီဗာပူးကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကို ပြန်လည်ရှာဖွေပြီး တုန်ပြန်မှုတွေလုပ်လာကြပါတယ်။
သရဲနီပရိသတ်တွေရှာတွေ့ခဲ့တဲ့ပွဲစဉ်ကတော့မန်ယူ အမျိုးသ မီးအသင်းဟာပြီးခဲ့တဲ့ဇန်နဝါရီတုန်းက လီဗာပူးကို ဂိုးဒင်ဇင်ဝက်သွင်းခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။
အဲဒီတုန်းကလည်းတနင်္ဂနွေမှာပဲ ကစားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာကတည်းက ၃ ဂိုးပြတ်ဖြစ်နေခဲ့တာပါ။ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းနိုင်လို့ လီဗာပူးအမျိုးသမီးအသင်းကို ၆ ဂိုးပြတ်နဲ့ မှတ်မှတ်ရရနိုင်ခဲ့ဖူးပါတယ်။
အဲဒီအမျိုးသမီးပွဲဟာအိမ်ကွင်းမှာပရိသတ်စံချိန်တင်အားပေ းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့တာပါ။လက်ရှိမှာလည်း မန်ယူအမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးစူပါလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဒုတိယနေရာကမန်စီးတီးကို၃မှတ်ဖြတ်ထားပေမယ့်တတိယ နေရာက ၂ ပွဲလျော့ ချဲလ်ဆီးနဲ့တော့ ၄ မှတ်သာ ကွာတာပါ။မန်ယူအမျိုးသမီးအသင်းဟာ ၂၀၁၈ ကမှ စတင်တည်ထောင်တာဖြစ်ပေမယ့်အချိန်တိုလေးအတွင်းမှာပဲ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာပါတယ်။