Manu sports

လီဗာပူးလ်အသင်း ဥမင်ထဲမှာ မထင်မှတ်တဲ့ အမှားလေးလုပ်မိလို့တစ်ချိန်လုံးအသင်းကိုပေးဆပ်ခဲ့သမျှ သဲထဲ ရေ သွန်သလို ဖြစ်ခဲ့ရတဲ့ ယူနိုင်တက်ကြယ်ပွင့်

လီဗာပူးလ်အသင်း ဥမင်ထဲမှာ မထင်မှတ်တဲ့ အမှားလေးလုပ်မိလို့တစ်ချိန်လုံးအသင်းကိုပေးဆပ်ခဲ့သမျှ သဲထဲ ရေ သွန်သလို ဖြစ်ခဲ့ရတဲ့ ယူနိုင်တက်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်ကစားသမားတွေလိုမျိုး This is Anfield ဆိုတဲ့နာမည်ကျော်ဆိုင်းပုဒ်ကို လက်နဲ့ထိခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ဝက်ဟော့စ်ကိုဒေါသထွက်ပေါက်ကွဲပြောဆိုခဲ့ကြပါတယ်။

ဝက်ဟော့စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်လိုအပ်ချက်အရဘန်လေအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဝက်ဟော့စ်ဟာထိပ်တန်းတိုက်စစ်မှူးမဟုတ်ပေမယ့်အသင် မှာမခိုမကပ်ကြိုးစားပေးတာကြောင့် မန်ယူပရိသတ်တွေအကြားမျက်နှာပွင့်ခဲ့ပေမယ့်၊ ထိုအခြေအနေတွေကလီဗာပူးလ်နဲ့ပွဲမှာပြုလုပ်ခဲ့တဲ့ အမူအရာကြောင့် အခုချိန်မှာ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကတော့ ဝက်ဟော့စ်ဟာ ပွဲမစခင်ဥမင်လိုဏ် ခေါင်းထဲကနေအထွက်လီဗာပူးလ်ကစားသမားတွေနဲ့ ပရိသတ်တွေ ထုံးတမ်းအစဉ်အလာအတိုင်းပြုလုပ်လေ့ရှိတဲ့ This is Anfield ဆိုတဲ့ စာသားကို ပုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ဝက်ဟော့စ်ဟာ သူငယ်ငယ်တုန်းက လီဗာပူးလ်ပရိသတ်ဖြစ်ခဲ့တဲ့အပေါ် ပြောဆိုခဲ့ဖူးပေမယ့်အခုချိန်မှာတော့ မန်ယူပရိသတ်တစ်ချို့က အဆိုပါအပြုအမူကဝက်ဟော့စ်ကို စာချုပ်ဖျက်သိမ်းဖို့ လုံလောက်ပြီဆိုတာ ပြနေကြောင်း ယုံကြည်နေပါတယ်။

သူ့ရဲ့ ကာရာဘောင်းဖလားပုံတွေကို ငါ ဂရုမစိုက်တော့ဘူး။သူ့ရဲ့ စာချုပ်သက်တမ်း ၆ လကုန်ရင် သူ အသင်းကနေ ထွက်ရမယ် ”” ဒီဗီဒီယိုက သူ့ကို လက်လွှတ်ဖို့ လုံလောက်နေပြီ။

ဘယ်လိုဖြစ်ပြီး မန်ယူကစားသမားတစ်ဦးက အန်ဖီးလ်ဒ်စာသားကိုထိရတာတုန်း ” လို့ ပရိသတ်တစ်ဦးက ဆိုခဲ့သလို၊ နောက်တစ်ဦးကလည်းဒီအသင်းရဲ့ အဆင့်အတန်းကတော့ရေစုံမြှုပ်ပါပြီ၊ ဆောက်သမ်တန်လိုမျိုး လီဗာပူးလ်အသင်းကို ပြောင်းဖို့ဝက်ဟော့စ်က မန်ယူကို ခြေနင်းပြားလို့ ထင်နေတာပါ။

ဘယ်နည်းပြကမှ ဒီလိုမျိုးကို လက်မခံပါဘူး။ တန်ဟန့်က သူ့ကိုခေါ်ခဲ့တဲ့သူဆိုတော့သူ ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။