နိုင်ငံအသင်းဖော် အိုစီမင် အနေနဲ့ ယူနိုက်တက်အသင်း ကို ဘာကြောင့်ပြောင်းသင့်လဲဆိုတာကို ထောက်ပြခဲ့တဲ့ ကစားသမားဟောင်း Odion lghalo
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပစ်မှတ် ဗစ်တာ အိုစီမင်က သူ့အနေနဲ့ သူ့အိပ်မက်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ အိုစီမင်ဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပြီးတော့၊ ဒီရာသီမှာ နာပိုလီအသင်းအတွက် ၂၆ ပွဲကစားပေးရာမှာ
၂၁ ဂိုးသွင်းယူထားပြီးတော့၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ နိုင်ဂျီရီးယားလက်ရွေးစင်ဟာ သူ့အသင်းကို စီးရီးအေအမှတ်ပေး ဇယားမှာ ၁၅ မှတ်အကွာနဲ့ ထိပ်ဆုံးကို ရောက်ရှိထားစေကာ၊ ဒီနှစ်ချန်ပီယံလိဂ်မှာလည်း ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်ထားစေပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ သူဟာ
ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ဦး ရှာနေတဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားခြင်းကို ရခဲ့ပါတယ်။ နည်းပြ အဲရစ် တန်ဟန့်ဟာ အသင်းရဲ့ လက်ရှိတိုက်စစ်မှူးတွေဖြစ်ကြတဲ့ အန်တိုနီ မာစီရယ်နဲ့ ဝက်ဟော့စ်တို့ကို အားမရတာကြောင့် တကယ့်ထိပ်တန်းအရည်အသွေးအဆင့်ရှိတဲ့ ကစားသမားမျိုးကို ရှာနေပြီး၊ အိုစီမင်ကို သူ့ကစားကွက်နဲ့ အံဝင်မယ်လို့မြင်ထားပါတယ်။
အခုချိန်မှာတော့ အသက် ၂၄ နှစ်သားဟာ နွေစျေးကွက်နီးကပ်လာချိန် ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး ပြောဆိုလာခဲ့ ပြန်ပါတယ်။ ” ကမ္ဘာပေါ်က ထိပ်တန်းလိဂ်ငါးခုထဲက တစ်ခုမှာ ကစားရတာက ကျွန်တော့်အတွက် အရမ်းမိုက်တဲ့ခံစားချက်ပါပဲ။ အခုဆိုရင် ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးလိဂ်တွေထဲက တစ်ခုဖြစ်တဲ့ စီးရီးအေမှာ ”
ကစားနေပါတယ်။ ဒါပေမယ့် ဒါပေါ့၊ ကမ္ဘာတစ်ဝှမ်းက လူအတော်များများက ပရီးမီးယားလိဂ်ကို အကောင်းဆုံးနဲ့ အကြမ်းဆုံးလိဂ်အဖြစ် သတ်မှတ်ထားကြတာပါ။
ကျွန်တော့်အိပ်မက်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ တစ်နေ့ ကစားရဖို့ ကျွန်တော် အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမယ့် အရင်က ပြောခဲ့သလိုပဲ၊ အဲ့ဒါက လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီးတော့၊ ဒီအရှိန်အဟုန်ကို ကျွန်တော် ဆက်ထိန်းထားပြီး၊ ဆက်လက်၍ ကောင်းကောင်းလုပ်သွားချင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်းကတော့” အကယ်၍ Osimhen သာအသင်းပြောင်းရွေ့ခြင်းနဲ့ပတ်သက်ပြီးသူဘာလုပ်သင့်တယ်ဆိုတာ ကျနော့်ဆီကအကြံဥာဏ်တောင်းခဲ့ရင် ကျနော်ကယူနိုက်တက် ကိုပဲပြောင်းရွေ့ဖို့အကြံပေးမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်က ကြီးကျယ်ခမ်းနားတဲ့အသင်းတသင်းဖြစ်လို့ပါ။OdionIghaloက Osimhen ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးထားခဲ့ပါတယ်။