လီဗာပူးအမှတ်တံဆိပ်ဖြစ်တဲ့ This is Anfield ဆိုတဲ့အမှတ်သားကို လက်နဲ့ထိခဲ့တာ သူမှာအကြောင်းပြချက်ရှိတယ်လို့ ပြန်လည်ရှင်းလင်းခဲ့တဲ့ ဗက်ဟော့စ်
လီဗာပူးအသင်းနဲ့ပွဲမတိုင်ခင်မှာ This is Anfield ဆိုတဲ့ အမှတ်အသားကို လက်နဲ့ ထိခဲ့တဲ့အပေါ် မန်ယူတိုက်စစ်မှူး ဗက်ဟော့စ်ကပြန်လည်ဖြေရှင်းသွားပါတယ်။
လီဗာပူးအိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်မှာ ကွင်းထဲမဝင်ခင် အဝတ်လဲခန်းထိပ်မှာThis is Anfield ဆိုတဲ့ စာသားကို ချိတ်ဆွဲထားတာဖြစ်ပြီး အဲဒီအမှတ်အသားကို လီဗာပူးကစားသမားတွေအားလုံးက လက်နဲ့ထိပြီးမှ ကွင်းထဲဝင်လေ့ရှိပြီး နာမည်ကျော်တဲ့ ဓေလ့ထုံးစံ တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။
မန်ယူနဲ့ပွဲမစခင်ကွင်းထဲဝင်ကြတဲ့အခါလီဗာပူး ကစားသ မားတွေအားလုံးက ထုံးစံအတိုင်း လက်နဲ့ထိပြီး ကွင်းထဲဝင်ခဲ့ကြသလို မန်ယူတိုက်စစ်မှူး ဗက်ဟော့စ် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။
ဗက်ဟော့စ်ကတော့အဲဒီလိုလုပ်ဆောင်ခဲ့တာဟာ လက်ရွေး စင်အသင်းဖော် ဗန်ဒိုက် လက်နဲ့မထိစေဖို့ ရည်ရွယ်ပြီးပြန်လည်တွန်းလှန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့တာပါ။
မန်ယူအသင်းပရိသတ်တချို့ကတော့ဗက်ဟော့စ်ရဲ့အပြု အမူဟာ မန်ယူအသင်းကို ချစ်ခင်တဲ့စိတ်မရှိလို့ဖြစ်ပြီး ပွဲမစတင်ခင်ကတည်းက ၁၀ ယောက်၊ ၁၂ ယောက်ဖြစ်နေခဲ့တယ်လို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။