Manu sports

ယူနိုက်တက်ပစ်မှတ် နေမာ ကို လာမယ့် နွေရာသီမှာ PSGအသင်း ဟာ အရှုံးခံပြီးရောင်းချဖွယ်ရှိနေ

ယူနိုက်တက်ပစ်မှတ် နေမာ ကို လာမယ့် နွေရာသီမှာ PSGအသင်း ဟာ အရှုံးခံပြီးရောင်းချဖွယ်ရှိနေ

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ နေမာဟာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ၂၀၂၂-၂၀၂၃ ရာသီရဲ့ပွဲစဉ်တော်တော်များများမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

ယခုအခါ ပီအက်စ်ဂျီအသင်းသည် နွေရာသီတွင် နေမာအတွက် ကမ်းလှမ်းမှုများကို နားထောင်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နေမာအနေဖြင့် ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

လက်ရှိမှာ နေမာကိုခေါ်ယူဖို့ ယူနိုက်တက်အပြင် ထိပ်သီးကလပ်အချို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလဲ နွေရာသီအပြောင်းအရွေ့အတွက် တိုက်စစ်မှူးရှာပုံတော်ဖွင့်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ ကာတာမိသားစုကလဲ တကယ်ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင် နေမာကို ခေါ်ယူပေးမည်ဖြစ်ကြောင်း သတင်းဌာနအချို့ကဖော်ပုထားကြပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပဲရစ်တွင် အခြေချနေထိုင်နေပြီး ၂၀၂၇ခုနှစ်အထိ ပီအက်စ်ဂျီနှင့် စာချုပ် ကျန်ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာတော့ နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နောက်ထပ်လေးလကြာ အနားယူရမှာဖြစ်ပါတယ်။

နေမာရဲ့ အနာဂါတ်အပေါ် ထင်ကြေးပေးမှုများဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လာပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။ ကွင်းတွင်းကွင်းပြင် ကိစ္စရပ်တွေမှာ အသင်းနဲ့မကိုက်ညီမှုတွေက တာဝန်ရှိသူတွေကို နွေရာသီမှာ ရောင်းချဖို့အတွက် လှုံ့ဆော်မှုတွေဖြစ်စေခဲ့ပါတယ်။

အဆိုပါဘရာဇီးသားဟာ မိုနာကိုအသင်းကို ရှုံးပြီးနောက် အားကစားအကြံပေး လူးဝစ်ဇ်ကမ်းပေါ့စ်နှင့် စကားများရန်ဖြစ်ပြီး ၎င်းရဲ့အသင်းဖော်တွေဖြစ်တဲ့ ဗီတင်ဟာနှင့် ဟုဂိုအီကီတီကီတို့ကို ကွင်းပြင်ပတွင်အငြင်းပွားမှုများဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ အခုအချိန်မှာတော့ နေမာဟာ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီနှင့် လိုင်လီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဂ်ဝမ်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေပြီး အဆိုပါဒဏ်ရာအား ခွဲစိတ်ကုသမှုခံယူရန်လိုအပ်မည်ဟု သိရပါတယ်။

ပီအက်စ်ဂျီသည် ၂၀၁၇ ခုနှစ်တွင် နေမာအား ဘာစီလိုနာမှ ခေါ်ယူရန်အတွက် ကမ္ဘာ့စံချိန်တင် ယူရို ၂၂၂ သန်း (ပေါင် ၂၀၀ သန်း/ဒေါ်လာ ၂၆၂ သန်း) ပေးချေခဲ့သော်လည်း ၎င်း၏ အသက်အရွယ်အရ အမှန်တကယ် နွေရာသီတွင် ထွက်ခွာမည်ဆိုပါက အဆိုပါ ရင်းနှီးမြုပ်နှံမှုသည် သိသိသာသာဆုံးရှုံးသွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။