Manu sports

နွေရာသီ သေချာပေါက်ခေါ်ယူမယ့်ကစားသမားကိုအတည် ပြုခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

နွေရာသီ သေချာပေါက်ခေါ်ယူမယ့်ကစားသမားကိုအတည် ပြုခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ် တန်ဟန့်ဟာ အေဂျက်ကြယ်ပွင့်ကစားသမားမိုဟာမက်ကူးဒက်စ်ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ့်ပစ်မှတ်ကစားသမားအဖြစ် တရားဝင်သတ်မှတ်လိုက်ကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

တန်ဟန့်ဟာ ကူးဒက်စ်ကို သူ့ရဲ့ ဂါနာအသင်းအတွက်ကမ္ဘာ့ဖလားမှာတုန်းက ပြသခဲ့တဲ့ အထင်ကြီးစရာခြေစွမ်းတွေ မြင်ပြီးတည်းကခေါ်ယူဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပြီး၊ အခုချိန်မှာတော့ စိတ်ဝင်စားမှု နောက်တစ်ဆင့်တက်လိုက်ပြီလို့ ယူဆနိုင်ပါတယ်။

ကူးဒက်စ်ဟာအေဂျက်ကို၂၀၂၀ ခုနှစ်မှပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး၊ တန်ဟန့်ရဲ့ လက်အောက်မှာ ၄၃ ပွဲကစားခဲ့ပါတယ်။အသက်၂၂ နှစ်သားဟာအထောင်တိုက်စစ်နေရာ ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်နေရာတို့မှာ ကစားနိုင်စွမ်းရှိတဲ့အပြင်၊ အေဂျက်အသင်းမှာညာတောင်ပံမှာ ကစားပေးလျက်ရှိပါတယ်။

TalkSPORT ရဲ့ ဖော်ပြချက်အရတော့တန်ဟန့်ဟာ ကူးဒက်စ်ကို နွေရာသီပစ်မှတ်စာရင်းထဲ ထည့်လိုက်ကြောင်း သိရပြီး၊မန်ယူအသင်းက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အေးဂျင့်နဲ့လည်း အဆက်အသွယ်လုပ်ခဲ့ကြောင်း သိရပါတယ်။

ကူးဒက်စ်ဟာမန်ယူအသင်းအတွက်အဓိကပစ်မှတ်ကစား သမားတော့ မဟုတ်ပေမယ့်၊ ဒတ်ချ်ဂန္တဝင်မာကို ဗန်ဘစတန်က အန်တိုနီထက် ပိုကောင်းကြောင်း ဆိုထားပါတယ်။

မိုဟာမက် ကူးဒက်စ်ကအန်တိုနီထက်အများကြီး ပိုကောင်းတယ်လို့ကျွန်တော် ထင်ပါတယ်။ အန်တိုနီမှာ စကေးတွေ ရှိပေမယ့် သူကသူ လုပ်ဖို့ကြိုးစားနေတာတွေနဲ့တင် ရှုပ်နေတယ်။

ကူးဒက်စ်က နည်းစနစ်ပိုင်းအရ အများကြီးပိုသာတယ်၊ပြီးတော့ သူ လုပ်နေတာတွေကို သူ သိတယ်။ အန်တိုနီက ပိုမြန်နိုင်ပေမယ့်၊ကူးဒက်စ်ကပိုဉာဏ် ကောင်းပြီးတော့ နည်းစနစ်ပိုကျတယ်သူက ဘော လုံးသမားနဲ့ ပိုတူတယ်၊သူ့ကိုကွင်းရဲ့ဘယ်နေရာမှာမဆိုလည်း ကစားခိုင်းလို့ရတယ် ” လို့ ဆိုခဲ့ပါတယ်။