Manu sports

ပရီးမီးယားလိဂ် သို့ တစ်ကျော့ပြန်လာအုံးမယ့် ယူနိုက်တက် နည်းပြဟောင်း မိုက်ကယ်ကာရစ်

ပရီးမီးယားလိဂ် သို့ တစ်ကျော့ပြန်လာအုံးမယ့် ယူနိုက်တက် နည်းပြဟောင်း မိုက်ကယ်ကာရစ်

ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့ဝက်စ်ဟမ်းအသင်းဟာနည်းပြ ဒေးဗစ်မွိုက်စ်ကို ရာထူးက ထုတ်ပယ်ဖြစ်မယ်ဆိုရင်မစ်ဒယ်ဘရော့အသင်းနည်းပြကာရစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘရိုက်တန်ကို (၄-ဝ)ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးအခုလောလော ဆယ် တန်းဆင်းဇုန်ထဲက အဲဗာတန်နဲ့ (၁)မှတ်သာကွာတော့သလို အဆင့်(၁၆)နေရာမှာ ရပ်တည်နေပါတယ်။

ဝက်စ်ဟမ်းအသင်းဥက္ကဋ္ဌဒေးဗစ်ဆူလီဗန်နဲ့ ဘုတ်အဖွဲ့တာဝန်ရှိသူတွေကတော့ ဒေးဗစ်မွိုက်စ်ကို ထောက်ခံအားပေးနေဆဲဆိုပေမယ့်ရလဒ်ဆိုးတွေကြောင့် ဒေးဗစ်မွိုက်စ်အပေါ် ဖိအားများနေပြီး လာမယ့်ပွဲတွေမှာသာ ရလဒ်မကောင်းရင် အနာဂတ်အတွက် အာမခံချက်မရှိနိုင်ပါဘူး။

အခု ဗြိတိန်နာမည်ကျော်သတင်းစာ The Times က ဝက်စ်ဟမ်းအသင်းဟာ ဒေးဗစ်မွိုက်စ်နဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်ရင်အသင့်အစားထိုးဖို့အတွက် ကာရစ်ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒေးဗစ်မွိုက်စ်ဟာမန်ချက်စတာယူနိုက်တက်အသင်း နည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်တုန်းကကာရစ်နဲ့လက်တွဲခဲ့ဖူးပြီး အခု တပည့်ဟောင်းက သူ့ရဲ့နည်းပြထိုင်ခုံကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ ကာရစ်ဟာ ယူနိုက်တက်ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့်သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ဝက်စ်ဟမ်းအသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး၁၉၉၉ ကနေ ၂၀၀၄ ခုနှစ်အတွင်း ပွဲပေါင်း(၁၅၃)ပွဲကစား၊ (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ကာရစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့နောက်ယူနိုက်တက်အသင်းမှာ မော်ရင်ဟို၊ ဆိုးလ်ရှားတို့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလိုပြီးခဲ့တဲ့ရာသီက ဆိုးလ်ရှားရာထူးက အထုတ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲကိုင်တွယ်ခဲ့ပြီး (၁)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။

ယူနိုက်တက်တို့ ရန်နန်ခ်ကို ယာယီနည်းပြခန့်အပ်ခဲ့ချိန်မှာ ကာရစ်က အသင်းနဲ့လမ်းခွဲခဲ့ပြီး,ပြီးခဲ့တဲ့နှစ်၊ အောက် တိုဘာလအတွင်း လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။

မစ်ဒယ်ဘရော့အသင်းနည်းပြအဖြစ် ကာရစ် စတင်တာဝန်ယူချိန်မှာအသင်းကအဆင့်(၂၁)နေရာသာရပ်တည်နေပေမယ့် (၆)လနီးပါးအတွင်းကြီးမားတဲ့အပြောင်းအလဲတွေဖြစ်အောင် စွမ်းဆောင်ပြနေပြီး ပြိုင်ပွဲစုံပွဲ(၂၀)မှာ

(၁၄)ပွဲအထိ အနိုင်ရခဲ့တဲ့အပြင်အခုလောလော ဆယ် အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတာကြောင့်လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

တကယ်လို့ကာရစ်သာငယ်ဘဝကလပ် ဝက်စ်ဟမ်းအသင်းမှာနည်းပြအဖြစ်ဆောင်ရွက်မယ်ဆိုရင်လာမယ့်မေလအ တွင်း အသင်းဟောင်း ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။