Manu sports

အရှုံးစိတ်တွေ ကို မေ့ဖျောက်ပြီး ယူရိုပါလိဂ်မှာ ဘက်တစ် ကို ဂိုးပြတ်တီးမယ့် ယူနိုက်တက်(ပွဲကြိုအနီးကပ်သုံးသပ်ချက်)

အရှုံးစိတ်တွေ ကို မေ့ဖျောက်ပြီး ယူရိုပါလိဂ်မှာ ဘက်တစ် ကို ဂိုးပြတ်တီးမယ့် ယူနိုက်တက်(ပွဲကြိုအနီးကပ်သုံးသပ်ချက်)

အန်ဖီးလ်မှာအရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနိုက်တဒ် ရဲ့ အမျက်ဒေါသကို ပေါက်ကွဲဖို့ ခပ်ကြာကြာမစောင့်လိုက်ရတာက ပရိတ်သတ်တွေ အတွက်အကောင်းဆုံး စိတ်ဖြေမှု ဖြစ်လာပါလိမ့်မယ်။

တန်ဟဂ် ကိုယ်တိုင်ကလည်း ကစားသမားတွေ အနေနဲ့ ပရိတ်သတ်တွေရဲ့ စိတ်ပျက်မှုကို ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ဆိုထားတာကြောင့် ဒီနေ့ည ဘက်တစ် နဲ့ ပွဲဟာ အတိုးအရင်း ပေါင်းဆပ်ကြမယ့် ညဖြစ်လာနိုင်ပြီး မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီ ကိုင်တွယ်နေတဲ့ ဘက်တစ် အသင်း ဟာ နတ်ဆိုးရဲ့ဒေါသကြောင့် ချေမှုန်းခြင်း ခံရဖွယ်ရှိပါတယ်။

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ဖြစ်တာကြောင့်လည်း တန်ဟဂ် က ပွဲအပေါ် ဂရုစိုက်ချဉ်းကပ်လာနိုင်ပြီး ဒီနေ့ပွဲအမှားယွင်းဖြစ်ခဲ့ရင် ကစားသမားတွေ လည်းပေးဆပ်မှုကြီးကြီးမားမား ရင်ဆိုင်သွားရဖွယ်ရှိပါတယ်။

မန်ယူနိုက်တဒ်အတွက် ပွဲဆက်များတဲ့ကာလဟာ ကျော်လွန်ခြင်းမရှိသေးသလို အဓိက ကစားသမားတွေ ကြံခိုင်မှုကျဆင်းနေလို့ လူစာရင်းကိုတော့ ဂရုတစိုက် ရွေးချယ်ရန်လိုပါတယ်။

ဂိုးသမားအဖြစ် ဒဟေးယား က ပဲ ဆက်လက်ပါဝင်လာနိုင်ပေမယ့် ခံစစ်မှာတော့ ဘစ်ဆာကာ၊မက်ဂွိုင်းယား၊လင်ဒီလောဖ့် နဲ့ မလာစီယာ တို့ကို တွေ့မြင်ရနိုင်ပါတယ်။တန်ဟဂ်အနေနဲ့ မာတီနက်ဇ် ကို နည်းဗျူဟာပိုင်းအရအတော်လေးအားကိုးတာကြောင့် ပါဝင်လာခဲ့ရင်တော့ လင်ဒီလောဖ့် က အရံအဖြစ် သာ ပွဲထွက်လာနိုင်ပါတယ်။

ကွင်းလယ်မှာစပိန်အသင်းတွေအကြောင်း ကောင်းကောင်းသိတဲ့ကတ်စမဲရိုး ကို အသုံးပြုနိုင်ပြီး ဆဘစ်ဇာ ဒဏ်ရာရနေလို့ ဖရဒ် ကပဲဆက်လက်ပွဲထွက်လာနိုင်ပါတယ်။

ဘရူနို က ပွဲပန်းမှုအရှိန်ရှိနေပေမယ့် လီဗာပူးလ် နဲ့ ပွဲကအမှားတွေကို ပြန်ပေးဆပ်လိုတဲ့ သူ့ရဲ့ စိတ် ကြောင့် မဖြစ်မနေ အသုံးပြုမှာပါ။တိုက်စစ်ကိုတော့ ဂျေဒန်ဆန်ချို ပြန်ပါဝင်လာနိုင်ပြီး ရရှ်ဖိုဒ့်၊ဂါနာချို တို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။

ဘက်တစ် အသင်းဟာ မန်ယူနိုက်တဒ် နဲ့ ဒီဇင်ဘာလအတွင်းက ရာသီဝက်ခြေစမ်းပွဲကာလမှာ ရင်ဆိုင်ခဲ့ဖူးပြီး ထိုစဉ်က လူငယ်အများစု နဲ့သာ ကစားခဲ့တဲ့ ယူနိုက်တဒ် က (၂-၁) နဲ့ အရေးနိမ့်ခဲ့ဖူးပါတယ်။ပယ်လီဂရီနီ လို အတွေ့ကြုံများတဲ့ နည်းပြကိုင်တွယ်နေပြီး ပြီးခဲ့တဲ့တပတ်ကရီးရဲလ် ကို သရေခံကစားခဲ့လို့ လျှော့တွက်လို့တော့မရနိုင်ပါဘူး။

ဘက်တစ် အနေနဲ့ အိုးထရဒ့်ဖိုဒ့်မှာ အတတ်နိုင်ဆုံး ဂိုးမပေးရရေး ဦးတည်ကစားလာမှာ ဖြစ်တာကြောင့် ယူနိုက်တဒ် တိုက်စစ်က အတော်လေး ထိုးဖောက်ရခက်ခဲနိုင်ပါတယ်။

သို့သော်လည်း ဒီနေ့ပွဲဟာ မဖြစ်မနေ ဂိုးပြတ်အနိုင်ရရန်လိုအပ်နေပြီး ပရိတ်သတ်တွေ ကို ပြန်လည်ဖြေသိမ့်ရန် လိုတာကြောင့် ပေါက်ကွဲအားကောင်းကောင်းနဲ့ ပွဲအစထဲက ထိုးဖောက်ကစားလာမယ့်မန်ယူနိုက်တဒ်အပေါ်သာယုံကြည် သင့်ပြီး (၂-ဝ/၃-ဝ)ရလာဒ် ထွက်ပေါ်နိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။