Manu sports

ကျွန်တော့် ကစားသမားတွေ ရီးရဲလ် ဘက်တစ် နဲ့ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က လီဗာပူးလ်နဲ့ပွဲရလဒ်ကိုမေ့ပစ်ပြီး ဘက်တစ်နဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲအတွက်သာ အာရုံစိုက်ထားဖို့သူ့ကစားသမားတွေကို သတိပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့က အခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်ကို ပရီးမီးယားလိဂ်စံချိန်တင်ရလဒ်အဖြစ်(၇-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးဒါကနှစ်ပေါင် း(၉၀)ကျော်အတွင်းပြိုင်ဘက်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် (၇-ဝ)ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာဒီည(မြန်မာစံတော်ချိန် သောကြာမနက် ၂:၃၀)မှာယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်၊ ပထမအကျော့အဖြစ် ဘက်တစ်အသင်းကိုအိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲအတွက် အာရုံစိုက်ဖို့အဲရစ်တန်ဟက်က သတိပေးခဲ့ပါတယ်။

ဘက်တစ်နဲ့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်က “လီဗာပူးလ်ပွဲက အမှားတွေကိုကျွန်တော်တို့ ဆွေးနွေးပြောဆိုခဲ့ပြီး အခု ပုံစံကောင်းနဲ့ပြန်လာနိုင်အောင်ကြိုးစားရတော့မှာပါ။

ကစားသမားတွေကလည်း လီဗာပူးလ်နဲ့ရှုံးပွဲကနေပြန်ရုန်းထနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။ ကျွန်တော်တို့အားလုံးကတစ်လှေတည်းစီးတဲ့သူတွေဖြစ်တာကြောင့် နိုင်လည်းအတူ၊ရှုံးလည်းအတူတူပဲ ရှေ့ကို ဆက်လျှောက်ရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။