ဂိုးသွင်းပြီး မျက်ရည်ကျတဲ့အထိ အောင်ပွဲခံတဲ့ တိုက်စစ်မှုး ဗက်ဟော့စ်
ယနေ့ မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ်ဘတ်တစ်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ ယခုတစ်ခေါက်ပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဒုတိယပိုင်းအရောက် အနိုင်ဂိုးတွေကြောင့် ယခုလို နောက်တစ်ကျော့အတွက် စိတ်ချရနိုင်လောက်တဲ့ အနေအထားတစ်ခုအထိ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ပွဲအစ ၆ မိနစ်ကတည်းက ရက်ရှ်ဖို့ဒ်က စတင် သွင်းယူပေးနိုင်ခဲ့ပေမယ့် ဘက်တစ်အတွက် ပီးရက်ဇ်က ၃၂ မိနစ်မှာ ပြန်လည် ချေပပေးနိုင်ခဲ့တာကြောင့်ပထမပိုင်းမှာ၁-၁ နဲ့ အဆုံးသတ်စေခဲ့ရပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တရပ်စပ်တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့တဲ့ မန်ယူအသင်းကပဲ လိုအပ်နေတဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့တာဖြစ်ပြီး အန်တိုနီ၊ ဖာနန်ဒက်ဇ်၊ ဗက်ဂ်ဟော့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ယခုလို ၄-၁ ဆိုတဲ့ ရလဒ်အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ယူနိုက်တက်ကိုအငှားလာရောက်ခဲ့တဲ့ တိုက်စစ်မှုးဝက်ဟော့စ့်က သရဲနီကစားသမားဘဝနဲ့ ဒုတိယမြောက်ဂိုး ( အိုးထရက်ဖိုဒ့်မှာ ပထမဆုံး) ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်သူဟာအရင်ပွဲတွေကတည်းက ဂိုးမသွင်းနိုင်ခဲ့ပေမယ့်
ကျားကုတ်ကျားခဲ ကြိုးစားကစားတတ်မှုကြောင့် ပရိသတ်အချစ်တော် ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့အချိန်မှာတော့မျက်ရည်ကျတဲ့အထိ အောင် ပွဲခံခဲ့တာက နယ်သာလန်သားကြီးဟာ ဂိုးတွေဆာလောင်နေပြီး ဂိုးရသွားလို့ အတော်လေး ဝမ်းသားနေတာကို မြင်တွေ့ရပါတယ်။
ဝက်ဟော့စ်နဲ့ပတ်သက်ပြီး ရက်ဖိုဒ့်က ” တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် ဝဂ်ဟော့က ဂိုးသွင်း ရတာကို ပျော်ရွှင်နှစ်သက်တဲ့သူပါ။ သူလည်း ဒါမျိုးဂိုး တွေသွင်းယူနိုင်ဖို့ အလုပ်တွေအပြင်းအထန်လုပ်ခဲ့ပါ တယ်။ ပြီးသွားရင် သူလိုချင်တဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့ လို့ အသင်းသားအားလုံးကလည်း ကျေနပ်ပီတိဖြစ်နေ ကြပါတယ်။ “လို့ ချီးကျူးခဲ့ပါတယ်။
ပေါစခိုးလ်ကလည်းကလပ်မှာရှိတဲ့လူတိုင်းက သူ့အတွက် ပျော်ရွှင်ကြပါလိမ့်မယ်။သူ့အတွက် လူတွေ ဘယ်လောက်ပျော်ခဲ့ကြလဲဆိုတာ မင်းမြင်နိုင်တယ်။ သူ အလုပ်တွေ အများကြီးလုပ်တယ်။ဒါကို ခင်ဗျားတို့ အမြဲတမ်းတော့ မြင်နိုင်မှာမဟုတ်ပါဘူး။ ” လို့ ဆိုပါတယ်။