Manu sports

ဘက်တစ် နဲ့ ပွဲကအမှားတစ်ခုကြောင့် ယူနိုက်တက် ကို စွန့်ခွာဖို့သေချာသလောက်ဖြစ်သွားတဲ့ကြယ်ပွင့်ကစား သမား

ဘက်တစ် နဲ့ ပွဲကအမှားတစ်ခုကြောင့် ယူနိုက်တက် ကို စွန့်ခွာဖို့သေချာသလောက်ဖြစ်သွားတဲ့ကြယ်ပွင့်ကစား သမား

ယူနိုက်တဒ်အနေနဲ့ လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်လာဖို့ဆိုရင် သံယောဇဉ်တချို့ကို ဖြတ်တောက်ရတော့မှာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အသင်းမှာ ကာလရှည်ကြာရှိနေခဲ့သူတွေ နဲ့ တစ်ခါတစ်ရံ ခြေစွမ်းထပြတတ်သူတွေကို နောက်ရာသီတွေမှာ လက်တွဲဖြုတ်ရန်လိုပြီး ပရိတ်သတ်တွေအနေနဲ့လည်း လက်သင့်ခံနိုင်ဖို့လိုပါတယ်။

ယူနိုက်တဒ် အတွက်ပထမဆုံး လက်တွဲဖြုတ်ရမယ့်သူက ဒဟေးယားဖြစ်ပြီး စပိန်သားဟာ အိုးထရဒ့်ဖိုဒ့် မှာ ဆက်နေခဲ့ရင်တောင် နံပတ်(၂)အဖြစ်သာ ဆက်ရှိနေသင့်ပါတော့တယ်။

မော်ဒန်ဂိုးသမားတစ်ယောက်ရဲ့လိုအပ်ချက်တွေနဲ့ ဆန့်ကျင် ဘက်မှာ ရပ်တည်နေတဲ့ ဒဟေးယား ဟာ ယူနိုက်တဒ် အတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒဟေးယားရဲ့ပေးပို့မှုအမှားတစ်ကြိမ်ဟာဘက်တစ်အသင်း အတွက် အပိုင်အခွင့်အရေးဖြစ်ခဲ့ပြီး အယိုဇီပီရက်ဇ် ကန်ချက် တိုင်ထိခဲ့လို့သာ ကံကောင်းခဲ့တာဖြစ်ပါတယ်။ဒဟေးယား အနေနဲ့ ဘက်တစ် နဲ့ ပွဲမှာ ပေးပို့မှုအမှား (၇)ကြိမ်အထိ ကျူးလွန်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ တန်ဟဂ် က နောက်ကိုပြန်ပေးခွင့် ပိတ်ခဲ့ရတဲ့အထိဖြစ်စေခဲ့ပါတယ်။

သတင်းတွေအရလည်း ယူနိုက်တဒ်ကင်းထောက်အဖွဲ့တွေဟာ ဂိုးသမားသစ်ရှာဖွေဖို့ ပြင်ဆင်နေပြီး ဒဟေးယားနေရာကို အစားထိုးနိုင်ဖို ကြိုးစားနေပါတယ်။တန်ဟဂ် ရဲ့ နည်းစနစ်နဲ့ အံဝင်ပြီး လိဂ်အတွေ့ကြုံလည်းရှိတဲ့ ဂိုးသမားကို ရှာဖွေနေတာဖြစ်ပါတယ်။

လက်တလောမှာတော့ ဘရန်းဖိုဒ့်ဂိုးသမား ယာရာ က ယူနိုက်တဒ်ရေဒါမှာရှိနေသလို ပေါ်တိုဂိုးသမား ကော်စတာ က လည်း စောင့်ကြည့်စာရင်းမှယ ပါဝင်နေပါတယ်။

ယူနိုက်တဒ်အနေနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်လိုတယ်ဆိုရင် ဒဟေးယား နဲ့ ရေစက်ကို သေချာပေါက်ဖြတ်ရန် လိုပြီး အနာဂတ်မှာ မော်ဒန်ဂိုးသမားတစ်ဦးနဲ့ မဖြစ်မနေအစားထိုးရန်လိုအပ်နေပြီပဲဖြစ်ပါတယ်။