မထင်မှတ်ထားတဲ့ ကစားသမားများကို ထက်မံရောင်းချဖို့ စီစဥ်နေတာကြောင့် အဓိက ကစားသမားအနည်းငယ်သာ ကျန်တော့မယ့် ယူနိုက်တက်
မန်ယူနိုက်တဒ်အသင်းရဲ့လာမယ့်နွေရာသီ အပြောင်းရွှေ့စာရင်းက အဝင်ကြမ်းသလို အထွက်လည်းကြမ်းမယ့် ရာသီတစ်ခုဖြစ်လာနိုင်ပြီး လက်တလော ခြေစွမ်းတွေအရ ကစားသမားတချို့ကို အရောင်းစာရင်းမှာ ထပ်တိုး ဖြည့်စွပ်ရဖွယ်ရှိပါတယ်။
တန်ဟဂ် က လီဗာပူးလ်ကိုအရေးနိမ့်ခဲ့တဲ့ လူစာရင်းကို အပြောင်းလဲမလုပ်ပဲ အသုံးပြုခဲ့ကာ ကစားသမားတချို့ရဲ့ ခြေစွမ်းကိုစောင့်ကြည့်ခဲ့တာဖြစ်ပြီး ယနေ့ပွဲအခြေအနေအရနည်းပြကြီးရဲ့စီမံကိန်း မှာ မပါဝင်နိုင်တဲ့ ကစားသမားတချို့ ထပ်မံ ထွက်ပေါ်လာတယ်လို့ ယူဆလို့ရပါတယ်။
ပထမဆုံး အရောင်းစာရင်းမှာ ပါဝင်သင့်သူက ဒဟေးယား ဖြစ်နေပြီး စပိန်သားကို နံပတ်(၁)နေရာကဖြုတ်ချပြီး ဒေးဗစ်ယာရာ ဒါမှမဟုတ် ဒီယေဂိုကော်စတာ ကိုနေရာပေးဖို့လိုပါတယ်။
တန်ဟဂ်အတွက် မော်ဒန်ဂိုးသမားတစ်ဦးလိုနေပြီး ဒဟေးယား ရဲ့ ပေးပို့နိုင်စွမ်း က လူရယ်စရာအဆင့်ဖြစ်နေလို့ အသင်းကိုပြန်ပြီး ဒုက္ခပေးနေပါတယ်။လက်တလောမှာ ဒဟေးယား ဟာ လက်စွမ်းကောင်းပြထားတယ်ဆိုပေမယ့် ယာရာ(သို့)ကော်စတာ ဟာ လည်း မနိမ့်ပါးလှတဲ့ စွမ်းဆောင်ရည်ရှိသူဖြစ်လို့ ယူနိုက်တဒ် အတွက်သင့်တော်တဲ့ ကစားသမားဖြစ်လာပါလိမ့်မယ်။
ဒုတိယရောင်းချသင့်သူက ကမ္ဘာ့ဖလားအလွန်မှာထဲကခြေကျနေတဲ့ ဒါးလော့ ပဲ ဖြစ်ပါတယ်။ဒါးလော့ ရဲ့ ခြေစွမ်းကမေးခွန်းထုတ်ရလောက်အောင် ကျဆင်းနေပြီး ဘစ်ဆာကာ တိုးတက်လာချိန်ဖြစ်လို့ အရံခုံထိုင်ရင်း နွေမှာတော့ ရှင်းလင်းသင့်ပါပြီ။
ဂျူလီယန်တင်ဘာ(သို့)ဖရင်ပေါင်က ကစားသမားအသစ်အနေနဲ့ရောက်ရှိလာနိုင်ပြီးတန်ဟဂ်အတွက်လည်းနည်းစနစ် ပိုင်းအရပိုပြီးအကျိုးရှိစေပါလိမ့်မယ်။
တတိယမြောက်ရောင်းထုတ်သင့်က ဖရဒ် ပဲ ဖြစ်ပါတယ်။တော်မနေး က အရောင်းစာရင်းဝင်ပြီးဖြစ်လို့နောင်တော်ဖရဒ် ဟာလည်း ထိုစာရင်းမှာပါဝင်သင့်နေပါပြီ။တစ်ပွဲတစ်လေ ကောင်းပေမယ့် ပုံသေခြေစွမ်းကမှန်းရခက်ပြီး အရံအနေနဲ့သာရှိသင့်သူဖြစ်ပါတယ်။
မာဆယ်ဘစ်ဇာကိုအပြီးသတ်ခေါ်ယူပြီး နောက်ထပ် တန်းမြင့်ကွင်းလယ်လူတစ်ဦးခေါ်ယူမယ်ဆိုရင် ယူနိုက်တဒ် အနေနဲ့ ဖရဒ်ကိုလည်း လက်လွှတ်သင့်ပြီး ကိုဘီမိုင်နို လို လူငယ်ကစားသမားကို နေရာပေးဖို့လိုပါတယ်။
တဆက်ထဲမှာပဲ မာစီရယ်/ဝက်စ်ဂိုစ့် က သိပ်ပြီး အားကိုးမရတဲ့ကောင်တွေဖြစ်လို့တစ်ရာသီဂိုး(၃၀)အထက်သေချာတဲ့ ဟယ်ရီကိန်း လို တိုက်စစ်မှုးမျိုးကို လက်ဦးမှုရယူပြီး ခေါ်ယူထားရန်လိုအပ်ပါတယ်။