ယူနိုက်တက်အသင်းမှာ နေရာပျောက်နေတဲ့ ကြယ်ပွင့်ကစားသမား ကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးဖြင့်ခေါ်ယူဖို့ကြံနေတဲ့ PSG အသင်း
လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတဲ့ ခံစစ်ကစားသမား ကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက အံ့အားသင့်စဖွယ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားဟာ ဒီရာသီထဲမှာ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်လက် အောက်ပွဲကစားခွင့်တွေအနည်းငယ်သာရရှိနေရပြီး
ပွဲအများစုမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားတာကြောင့် ဘရူနိုဖာနန်ဒက်စ်ကသာ အသင်းခေါင်းဆောင် တာဝန်ကို ပိုမို ထမ်းဆောင်နေရပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားရဲ့ ခံစစ် အရည်အသွေးတွေကို သဘောမကျတာကြောင့် လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ဖွယ်လည်း ရှိနေပါတယ်။
ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ မက်ဂွိုင်းယားကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲမှာပဲ ကလပ်အသင်းတချို့က ချဉ်းကပ်ခဲ့သေးပြီး ပီအက်စ်ဂျီအသင်းလည်း ပါဝင်ခဲ့သေးတယ်လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။
အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းယားဟာ အတွေ့အကြုံရင့် ခံစစ်မှူးတစ်ဦး ဖြစ်ပေမယ့် အမှားတွေ ထလုပ်တတ်တာတွေကြောင့် သူ့ကို နည်းပြတန်ဟက်ဂ်က အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်နေရာပေးဖို့က မလွယ်ကူသလို ခံစစ်မှာကလည်းဗာရန်းနဲ့လီဆန်ဒရိုမာတီနက်ဇ်အတွဲအဖက် က ပိုပြီး အလုပ်ဖြစ်နေတာကြောင့် မက်ဂွိုင်းယားအတွက် ကစားချိန်နည်းဖို့က အခြေအနေများလာခဲ့ရပါတယ်။
တကယ်လို့သာမက်ဂွိုင်းယားကိုလာမယ့်နွေမှာ ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေနဲ့အပြိုင် ပီအက်စ်ဂျီကပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာဒီရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေရှိနေတာကြောင့်ဒီရာသီချန်ပီယံလိဂ်ကနေပါ စောစော စီးစီး ထွက်ခွာထားခဲ့ရပြီး ဒီအားနည်းချက်ကို ပြင်ဆင်ဖို့နဲ့ ဆာဂျီယိုရာမို့စ်ကလည်း အသင်းနဲ့ သက်တမ်း ကုန်ဆုံးတော့မယ့်အချိန် သူ့နေရာမှာ အစားထိုးဖို့အတွက် မက်ဂွိုင်းယားကို အလိုရှိလာခဲ့တာပဲ ဖြစ်ပါတယ်။