Manu sports

တပည့်ကျော် အဲရစ်ဆင် ပြန်ကစားနိုင်မယ့် အချိန် ကို အတည်ပြုပေးလိုက်တဲ့ နည်းပြ တန်ဟက်ဂ်

တပည့်ကျော် အဲရစ်ဆင် ပြန်ကစားနိုင်မယ့် အချိန် ကို အတည်ပြုပေးလိုက်တဲ့ နည်းပြ တန်ဟက်ဂ်

မန်ယူအသင်းရဲ့ကွင်းလယ်မှာ ဒဏ်ရာနေရလို့ ရာသီကုန်အထိ အနားယူရမယ်လို့ သတင်းထွက်နေတဲ့ အဲရစ်ဆင်နဲ့ပတ်သက်လို့ နည်းပြတန်ဟတ်က သတင်းကောင်း ဖွင့်ဟလာပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ပိတ်ခါနီးမှာမှ ဒဏ်ရာရသွားလို့ ဘိုင်ယန်က ဆဘစ်ဇာကို အရေးပေါ်ခေါ်ရတဲ့အထိ ဖြစ်ခဲ့တဲ့ အဲရစ်ဆင်ရဲ့ဒဏ်ရာဟာ ပရိသတ်တွေထင်သလို ရာသီကုန်အထိ အနားယူရဖို့မရှိပါဘူး။

တန်ဟတ်က ” အဲရစ်ဆင်နဲ့ပတ်သက်လို့ ပြောနိုင်တာက ရာသီကုန်အထိ အနားယူရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီရာသီမှာ ပြန်ကစားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ဘယ်တော့လောက်ကစားနိုင်မလဲဆိုတဲ့ထင်မြင်ချက် ကိုတော့ မပေးနိုင်ပါဘူး”

ပြန်လည် ထူထောင်ရေးလုပ်နေတဲ့ သူ့ရဲ့လုပ်ငန်းစဉ်တွေဟာ အိုကေနေပါတယ်။ အစီအစဉ်တိုင်းပဲ စနစ်တကျသွားနေပါတယ်။ ကျွန်တော်တို့ သူ့ကို သေချာပေါက် မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ အင်တာနေရှင်နယ်ကြားဖြတ်ကာလမတိုင်ခင် မြင်ရဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး” လို့ ဖွင့်ဟလာပါတယ်။

အင်တာနေရှင်နယ်ကြားဖြတ်ကာလဆိုတာကနိုင်ငံခြေစမ်းပွဲတွေ ကစားမှာဖြစ်လို့ အဲရစ်ဆင်ဟာ အဲဒီပွဲစဉ်တွေပြီးမှပဲ ပြန်လာမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ရာသီမကုန်ခင် နိုင်ငံတကာပွဲတွေပြီးမှ ပြန်လာမှာဖြစ်တာကြောင့် ရာသီမကုန်ခင်(၇)ပွဲ(၈)ပွဲလောက်ကိုကျိန်းသေဝင်ကစားနိုင်မှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသက်တမျှအရေးကြီးနေတဲ့ အချိန်မျိုးမှာ အခုလိုပြန်လာမယ်လို့ အာမခံလိုက်တာကြောင့် ဆဘစ်ဇာပဲအရန်ကောင်းကောင်းရှိတဲ့ ကွင်းလယ်မှာ အရန်အင်အားတောင့်တင်းသွားခဲ့ပါပြီ။ တန်ဟတ်အတွက်လည်း ရွေးချယ်စရာ လူအင်အားထပ်တိုးလာမှာဖြစ်ပါတယ်။