Manu sports

ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်လေး ပယ်လစ်စထရီ ကို ပွဲထွက်ခွင့်ပေးသင့်နေပြီလို့ အချက်ကျကျထောက်ပြခဲ့တဲ့ ပေါလ်စခိုးလ်

ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်လေး ပယ်လစ်စထရီ ကို ပွဲထွက်ခွင့်ပေးသင့်နေပြီလို့ အချက်ကျကျထောက်ပြခဲ့တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်ကအဲရစ်တန်ဟက်အနေနဲ့ လူငယ်တိုက်စစ်ကစားသမား ပယ်လစ်စထရီကိုပွဲထွက်အသုံးပြုသင့်နေပြီလို့ တိုက်တွန်းလိုက်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့်ပယ်လစ်စထရီဟာဘက်တစ်နဲ့ယူရိုပါလိဂ်ပွဲမှာပွဲချိန်(၈၂) မိနစ်မှအန်တိုနီအစား လူစားဝင်ကစားခဲ့ရပြီး ကွင်းထဲရောက်,ရောက်ချင်းမှာပဲသူ့ကြောင့် ယူနိုက်တက်တို့ စတုတ္ထဂိုးရခဲ့တာဖြစ်ပါတယ်။

(၈၂)မိနစ်မှာ ညာခြမ်းကနေ ပြိုင်ဘက်နောက်ခံလူကိုပယ်လစ်စထရီ ကျော်ဖြတ်ပြေးပြီး ပယ်နယ်တီဧရိယာထဲချိုးပေးလိုက်တာကနေ တွမ်မီနေးရဲ့ ကန်ချက်ကို ဘက်တစ်ဂိုးသမားဘရာဗို ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးရှေ့မှာအသင့်ရှိနေတဲ့ဗက်ဟော့တ်က အပိုင်ပိတ်သွင်းခဲ့တာပါ။

ဘက်တစ်နဲ့ပွဲမှာပယ်လစ်စထရီဟာ (၈)မိနစ်လောက်သာ ကစားခဲ့ရပေမယ့်တိကျတဲ့ဘောလုံးပေးပို့မှု (၁၀၀%)၊ ဘောလုံးထိချက်(၁၀)ကြိမ်၊

မြေပြင်မှာပြိုင်ဘက်ကိုတစ်ဦးချင်းကျော်ဖြတ်နိုင်မှု၂)ကြိမ် ၊အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှု (၁)ကြိမ်၊ အရေးပါတဲ့ဘောလုံးပေးပို့မှု(၁)ကြိမ်၊ အပိုင်အခွင့်အရေးဖန်တီးနိုင်မှု(၁)ကြိမ်ရှိခဲ့ပါတယ်။

BT Sportရုပ်သံနဲ့ အင်တာဗျူးမှာပေါလ်စခိုးလ်က “ပယ်လစ်စထရီဟာပွဲထွက်ခွင့်ရသင့်တဲ့ခြေစွမ်းမျိုး ဒီပွဲမှာ ပြသခဲ့ပါတယ်လာမယ့်တစ်ပတ်ပွဲကျရင်ပယ်လစ်စထရီ သေ ချာပေါက်ပွဲထွက်ခွင့်ရမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။

အဲရစ်တန်ဟန်က အသင်းရဲ့ဟန်ချက်ပျက်မှာစိုးတာကြောင့် ကစားသမားအပြောင်းအလဲမလုပ်ချင်ပေမယ့် လက်ရှိပွဲထွက်ကစားသမားတွေဟာပွဲပန်းနေပြီဖြစ်တဲ့အတွက် လူ ငယ်တွေကို နေရာပေးသုံးသင့်ပါတယ်”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။