Manu sports

အုပ်ကြီးအမ်ဘာပေ နဲ့ မက်ဆီ တို့ကိုကျော်ဖြတ်ပြီး၂၀၂၃ ခုနှစ်အတွင်း အကောင်းဆုံးကစားသမားစာရင်း ရဲ့ ထိပ်ဆုံးကရပ်တည်နေတဲ့ သရဲနီဂိုးသွင်းစက် ရက်ရှ်ဖို့ဒ်

အုပ်ကြီးအမ်ဘာပေ နဲ့ မက်ဆီ တို့ကိုကျော်ဖြတ်ပြီး၂၀၂၃ ခုနှစ်အတွင်း အကောင်းဆုံးကစားသမားစာရင်း ရဲ့ ထိပ်ဆုံးကရပ်တည်နေတဲ့ သရဲနီဂိုးသွင်းစက် ရက်ရှ်ဖို့ဒ်

(၂၀၂၂)ခုနှစ် ပြီးဆုံးခဲ့ပြီးတဲ့နောက် ဘောလုံးပြိုင်ပွဲတွေဟာ အရှိန်အဟုန်ဟာ (၂၀၂၃)ခုနှစ်ထဲမှာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြည်တွင်းလိဂ် ပြိုင်ပွဲတွေဟာလည်းပဲရာသီတဝက်ကျိုးလာခဲ့ပြီးတော့ အဆုံး အဖြတ်ကာလတွေကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အချို့ကစားသမားတွေဟာအမြင့်ဆုံးခြေစွမ်းတွေနဲ့အသင်း တွေမှာ တောက်ပနေကြဆဲ ဖြစ်ပြီး အချို့ကစားသမားတွေကတော့ အနိမ့်အမြင့် အတက်အကျတွေနဲ့ ဟန်ချက်ညီဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာတော့ (၂၀၂၃)ခုနှစ် အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားတဲ့ ကစားသမား (၇)ဦးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၇)ခရစ္စတီယာနို (အေအိုင်နက်ဆာ)။ ။ ဒီစာရင်းမှာ နံပါတ် (၇)နေရာကနေ ပါဝင်လာတဲ့ သူကတော့ ဆော်ဒီကလပ် အေအိုင်နက်ဆာ မှာ ကစားလျက် ရှိနေတဲ့ စီရော်နယ်ဒိုပဲ ဖြစ်ပါတယ်။

ဥရောပ ထိပ်တန်းလိဂ် (၅)ခုအပြင်ဘက်ကနေ ထူးထူး ခြားခြားပါဝင်လာခဲ့တဲ့သူလည်းပဲဖြစ်ပါတယ်။ (၂၀၂၃)ခုနှစ် အတွင်း နက်ဆာ အတွက် သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပြီးတော့ ဟက်ထရစ် (၂)ကြိမ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပ ဘောလုံး ရပ်ဝန်းအပြင်ဘက်ကနေ ပါဝင်လာတာ ဖြစ်လို့ စီရော်နယ်ဒိုဟာ တကယ်ပဲ အကောင်းဆုံး (၇)ဦးထဲမှာ ပါဝင်ဖို့ ထိုက်တန်ရဲ့လားဆိုတာကတော့…။

(၆)ဘာကာယိုဆာကာ(အာဆင်နယ်)။အသက် (၂၂)နှစ် သာရှိနေသေးပြီးတော့ဒီရာသီ မှာ အာဆင်နယ်တို့ အတွက် မရှိမဖြစ် တိုက်စစ်ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ (၂၀၂၃)ခုနှစ် အတွင်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၂) ပွဲကစားပေးထားခဲ့ပြီးတော့ သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပြီးတော့ ကစားသမားဘ၀ အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

(၅)Khvicha Kvaratskhelia(နာပိုလီ)။ ။Khvicha Kvaratskhelia ကတော့ ဒီရာသီ နာပိုလီအတွက် တော်တော်လေးကို အားထားရတဲ့ ကစားသမား တစ်ဦးအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ Kvaradona ဆိုပြီးတော့ မာရာဒိုနာရဲ့ နာမည်နဲ့ ခပ်ဆင်ဆင်တောင် နာမည်ပြောင်ပေးခံထားရတာ ဖြစ်ပြီး (၂၀၂၃)ခုနှစ် အတွင်း ပြိုင်ပွဲစုံ (၁၀) ပွဲမှာ နာပိုလီအတွက် သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

(၄)မက်ဆီ(ပီအက်စ်ဂျီ)။ ။အသက်ကြီးလို့ ပျက်စီးသွားတဲ့ ကစားသမားတွေထဲမှာ မက်ဆီဆိုတဲ့ ကစားသမားကတော့ မပါဝင်ပါဘူး။

အသက်အရွယ်ဆိုတာကလည်းမက်ဆီအတွက်တော့ ကိန် းဂဏန်းတစ်ခု အဖြစ်သာရှိနေတာပါ။ (၂၀၂၃)ခုနှစ် အတွင်း ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစားပေးထားခဲ့ပြီးတော့သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

(၃)အိုရှင်ဟမ်(နာပိုလီ)။ ။နာပိုလီမှာတောက်ပေနတေဲ့ အိုရှင်ဟမ်ကို ဥရောပ ထိပ်တန်းအသင်းကြီးတွေ ကခေါ်ယူဖို့မျက်စိကျလျက်ရှိပါတယ်။(၂၀၂၃)ခုနှစ် အတွင်းနာပိုလီအတွက် (၁၃) ပွဲကစားပေးထားခဲ့ပြီး သွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

(၂)အမ်ဘာပေ(ပီအက်စ်ဂျီ)။ အမ်ဘာပေ အတွက်တော့ ဒီရာသီဟာ ကစားသမာ ဘ၀ အကောင်းဆုံး ရာသီတစ်ခုလို့တောင်ဆိုရမှာ ဖြစ်ပါတယ်။ မက်ဆီနဲ့လည်း အတွဲ ညီညီ ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။(၂၀၂၃)ခုနှစ် အတွင်း ပီအက်စ်ဂျီ အတွက် (၉) ပွဲသာ ကစားပေးထားရသေးပေမဲ့သွင်းဂိုး (၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် အထိ အမ်ဘာပေက ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၁)ရက်ဖို့ဒ်( မန်ယူနိုက်တက်)။ ။ (၂၀၂၃)ခုနှစ် အတွင်း အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့တဲ့ သူကတော့ မန်ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အပြီး ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်တွေက မထင်ထားလောက်အောင် ကောင်းမွန်လာခဲ့ပြီးတော့ မန်ယူနိုက်တက် အတွက် တောက်လျှောက် ခြေစွမ်း ပြထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

(၂၀၂၃)ခုနှစ် အတွင်း မန်ယူနိုက်တက် အတွက် ပြိုင်ပွဲ စုံ (၁၈) ပွဲကစားပေးထားခဲ့ပြီးတော့ သွင်းဂိုး (၁၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပြီး လက်ရှိ (၂၀၂၃)ခုနှစ် အတွင်း အကောင်းဆုံးကစားသမား အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။
crd