ယူနိုက်တက်မှာဘရူနိုဖာနန်ဒက်စ်အကောင်းဆုံးကစားသ မားဖြစ်ဖို့ လုပ်ဆောင်ရမယ့်အချက် ကို ထောက်ပြခဲ့တဲ့ နည်းပြ တန်ဟက်ဂ်
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟန့်ဟာ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ကွင်းထဲမှာသူ့ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်လာနိုင်ကြောင်းပြောဆိုလိုက်ပါ။တယ်။
မန်ယူအသင်းရဲ့ ဒုတိယခေါင်းဆောင် ဘရူနိုဟာ အလွန်ကိုစိတ်အားထက်သန်လေ့ရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ လုပ်ခဲ့တဲ့ အမူအရာတစ်ချို့ကြောင့်လည်းဝေဖန်ပြောဆိုခံခဲ့ရပါတယ်။
ဒါပေမယ့် ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်အပေါ်သက်ရောက်နိုင်စွမ်းရှိတာကိုတော့ ငြင်းပယ်လို့ မရနိုင်တာ ဖြစ်ပါတယ်။
ဘရူနိုဟာ စပို့တင်းလစ္စဘွန်းကနေ မန်ယူအသင်းကို စတင်ပြောင်းရွှေ့လာတဲ့ ၂၀၂၀ ခုနှစ်ကနေ စပြီး အသင်းအတွက ၁၆၇ ပွဲကစားရာမှာ ၅၈ ဂိုး သွင်းယူထားပြီးတော့၊ ၅၁ ကြိမ်ဂိုးဖန်တီးမှု လုပ်ထားခဲ့ပါတယ်။
ဒီရာသီမှာတော့ ဘရူနိုဟာအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားရာမှာ ၈ ဂိုး သွင်းယူထားပြီးတော့ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားကာ မန်ယူအသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြထားခဲ့ပြန်ပါတယ်။
ဒါပေမယ့်လည်း တန်ဟန့်ကတော့တနင်္ဂနွေနေ့မှာ ကစားသွားမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲမတိုင်ခင် ဘရူနိုကို ပြင်ဆင်ရမယ့်အချက်တစ်ခု ပြောပြလာပါတယ်။” တစ်ခါတစ်လေမှာ ဘရူနိုအနေနဲ့ ခံစားချက်တွေကို ပိုထိန်းရပါမယ်။
အဲ့ဒါက သူ့ကို ခံစားချက်အစား၊ ပွဲရဲ့အချိုးအစားအတိုင်းနေနိုင်ဖို့ ကူညီလိမ့်မယ်။ ဒီတော့ သူ့အနေနဲ့ အချိုးအစားထဲမှာဟန်ချက်ကို ရှာဖွေဖို့ လိုတယ်။ အချိုးအစားကို လက်နက်အဖြစ်သုံးနိုင်ရင် စိတ်ခံစားချက်က လက်နက်ဖြစ်လာမယ်။
ဒီတော့ ဒါက နောက်ခြေလှမ်းတစ်ခုပေါ့။ အဲ့ဒါက သူ့အတွက်ကောင်းတဲ့တိုးတက်မှုပွိုင့်လို့ ထင်တယ်၊ သူသာ အဲ့ဒီလိုလုပ်နိုင်ရင်သူက ပိုကောင်းတဲ့ ကစားသမားဖြစ်လာပါလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။