အသက် ၁၉ နှစ်အရွယ် လိုင်လီ လူငယ်ကြယ်ပွင့်လေး ကို ခေါ်ယူဖို့အတွက် ကင်းထောက်တွေစေလွတ်ခဲ့တဲ့ ယူနိုက်တက်
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်၊အာဆင်နယ်၊ လီဗာပူးလ်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ဟာလိုင်လီအသင်းရဲ့လူငယ်ကစား သမားဖြစ်သူ ကားလို့စ် ဘေးလ်ဘာကိုခေါ်ယူဖို့ရာအတွက် စောင့်ကြည့်နေကြကြောင်း သတင်းတွေအရ သိရပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမားဟာ ဒီရာသီလီဂူဝမ်းမှာပရိသတ်တွေရဲ့ မြင်ကွင်းရှေ့မှာ ပေါ်ထွက်လာခဲ့ပြီး၊ လီဂူဝမ်းရဲ့ အတောက်ပဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဘေးလ်ဘာဟာလိုင်လီအသင်းကို၂၀၂၂ ခုနှစ် ဇန်နဝါရီလကမှရောက်ရှိလာခဲ့တာဖြစ်ပြီး၊ အသင်းအတွက် ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကိုသြဂုတ်လတုန်းကAuxerre အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စတင်ခဲ့ပါတယ်။
ကင်မရွန်းကစားသမားလေးဟာအမှတ်ပေးနဲ့ ဖလားပြိုင်ပွဲ ၁၄ ပွဲကစားပေးထားခဲ့ပြီဖြစ်ပြီးဥရောပအသင်းကြီးတစ်ချို့ရဲ့ စိတ်ဝင်စားခြင်းကိုလည်း ရရှိနေပြီ ဖြစ်ပါတယ်။
90 min သတင်းဌာနရဲ့ အဆိုအရတော့ အေစီမီလန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဘေးလ်ဘာကို ခေါ်ယူဖို့အတွက်ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်းနဲ့ ဂျုဗင်တပ်စ်၊နိုက်စ်နဲ့ မိုနာကိုတို့ကလည်း ကစားသမားကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
အင်္ဂလန်ဘက်ကအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူ၊နယူးကာဆယ်၊ ဝက်စ်ဟန်းနဲ့ လက်စတာတို့ကလည်း လူငယ်ကစားသမားကိုပြီးခဲ့တဲ့လတွေအတွင်း အ သင်းကင်းထောက်အသီးသီး စေလွှတ်ကာစောင့်ကြည့်ခဲ့တယ်လို့ အဆိုပါသတင်းကပဲ ဖော်ပြပါတယ်။
လိုင်လီအသင်းဘက်ကတော့ နွေရာသီတုန်းက အဲဗာတန်ကိုပေါင် သန်း ၃၀ နဲ့ ရောင်းချခဲ့တဲ့ အန်မာဒူ အိုနာနာရဲ့ အခြေအနေတိုင်းဘေးလ်ဘာကိုလည်း မြင်နေကာ၊ ဘေးလ်ဘာအနေနဲ့ အမြင့်မားဆုံးအဆင့်တစ်ခုမှာ အတွေ့အကြုံမရှိသေးပေမယ့်လည်းထိုပမာဏလောက် ရသွားဖို့ မျှော်လင့်နေပါတယ်။