ဒီဂီယာ နဲ့ တန်ဟက်ဂ် ဆရာတပည့်နှစ်ယောက် အတိုင်ပေါက်ညီစွာယူရိုပါလိဂ် က အမှားတစ်ခုကိုထောက်ပြခဲ့ကြ
ဘက်တစ်နဲ့ပွဲမှာ ဂိုးသမားဒီဂီယာ တလွဲတချော်တွေ ကန်တင်ခဲ့တာဟာယူရိုပါလိဂ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ ဘောလုံးကြောင့်ဖြစ်တယ်လို့နည်းပြအဲရစ်တန်ဟက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။
ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်၊ ပထမအကျော့ပွဲမှာယူနိုက်တက်အသင်းဟာ(၄-၁)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့်လည်းပွဲချိန်အတွင်း ဒီဂီယာရဲ့ ဘောလုံးပေးပို့မှုအမှားတချို့ကြောင့်ဂိုးပေးရလုနီးပါးဖြစ်ခဲ့ပါတယ်။
တစ်ဖက်(၁-၁)ဂိုးစီသရေကျနေချိန်မှာဒီဂီယာဟာပယ်နယ် တီဧရိယာထဲကနေ ကိုယ့်အသင်းဖော်ကိုဘောလုံးကန်ပို့ခဲ့ပေမယ့် ထိချက်လွဲသွားတာကြောင့်ဘက်တစ်ကစားသမား အယိုဇေပီရက်ဇ်ဆီ ရောက်သွားပြီးအယိုဇေပီရက်ဇ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့သာယူနိုက်တက်တို့ ဒုတိယဂိုးမပေးခဲ့ရတာပါ။
အဲဒီအတွက် ယူနိုက်တက် ပရိသတ်တွေက ဒီဂီယာရဲ့ အမှားတွေကို ဝေဖန်ခဲ့ပြီး ‘ဒီဂီယာဟာ ဘောလုံးတောင်ဖြောင့်အောင်မကန်တတ်တော့ပါလား . .’၊ ‘ဒီဂီယာကို ရောင်းလိုက်ပါတော့’လို့အွန်လိုင်းပေါ်မှာ ပြစ်တင်ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့လည်း အဲရစ်တန်ဟက်ကတော့သူ့ဂိုးသမားဘက်ကနေ ရပ်တည်ပေးပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ဘောလုံးနဲ့ ပရီးမီးယားလိဂ်မှာသုံးတဲ့ ဘောလုံးအမျိုးအစားချင်း မတူတာရယ်၊ပွဲကစားချိန်အတွင်း လေတိုက်နှုန်းအနေအထားကြောင့် ဒီဂီယာအခုလို အမှားလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာဂျပန်ကုမ္ပဏီ Molten က ထုတ်လုပ်တဲ့ဘောလုံးကိုအသုံးပြုတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ Nike ကုမ္ပဏီရဲ့ ဘောလုံးကို အသုံးပြုနေတာပါ။ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်ကဘက်တစ်နဲ့ပွဲမှာ ဒီဂီယာရဲ့အမှားတွေကို ကျွန်တော် သတိပြုမိခဲ့ပေမယ့်ပွဲတော်တော်များများမှာ သူ အကောင်းဆုံးစွမ်းဆောင်နိုင်တာကိုလည်း အားလုံးမြင်တွေ့ပြီးသားဖြစ်ပါမယ်။
ဘာဖြစ်လို့ဒီလိုအမှားကျူးလွန်ခဲ့တာလဲဆိုတာတော့ ကျွန် တော်လည်းအတိအကျ မပြောနိုင်ပါဘူး။ လေတိုက်နှုန်းပြင်းနေတာကြောင့်လည်း ဖြစ်နိုင်သလိုယူရိုပါလိဂ်မှာကစားရတဲ့ ဘောလုံးနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကဘောလုံးအမျိုးအစားချင်း မတူတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
သေချာတာကတော့ ဒီပြဿနာကို ဒီဂီယာ အကောင်းဆုံးဖြေရှင်းပြီးလာမယ့်တနင်္ဂနွေနေ့ပွဲမှာ လက်စွမ်းပြကစားနိုင်မယ်ဆိုတာကျွန်တော် ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။