အနီကတ်ပြခံရပြီးနောက် ကွင်းထဲကနေ မျက်ရည်တွေကျခဲ့ပြီး ထွက်ခွာခဲ့တဲ့ ကက်စမဲရိုး
ကာစီမီရိုသည် မန်ယူကစားသမားဘဝ ဒုတိယမြောက် EPL အနီကတ်ရရှိခဲ့ပြီးနောက် လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် ယူနိုက်တက်အသင်းတွက်ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားသည် ကားလို့စ် အယ်လ်ကာရက်ဇ်ကို ပြစ်ချက်ဖြင့် ဒိုင်လူကြီး အန်တိုနီတေလာက အဝါကတ်ပြသခံခဲ့ရသည်။
ဒါပေမယ့်ကွင်းဘေးမော်နီတာမှာအဖြစ်အပျက်ကို အကြိမ် ကြိမ်ပြန်ကြည့်ပြီးနောက် တေလာက Casemiro ကို မဆင်မခြင်ကစားတဲ့အတွက်ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Casemiro၏ပြင်းထန်သော ဖြတ်ထုတ်မှုသည် ဘောလုံးကို ကျော်တက်သွားပြီး Alcaraz ၏ ခြေကျင်းဝတ်ကို မြင့်တင်လိုက်သည်ကို မြင်တွေ့ခဲ့သော်ကြောင့် အခြေနေတွေပြောင်းသွားခဲ့တယ်လို့ဆိုရပါမယ်။
ဒီအတွက်ကြောင့်ပဲကွင်းလယ်ဒိုင်ကVAR ပြန်လည်သုံးသပ်မှုကြောင့် ဆောက်သမ်တန်နှင့်ပွဲတွင် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသည့် ကာစီမီရိုသည် 2023 ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ပယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ဟာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ။
ဖေဖော်ဝါရီလတုန်းကလည်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ကြမ်းတမ်းတဲ့အပြုအမူအတွက် ဒီရာသီအစောပိုင်းကလည်း ကက်စမဲရိုး ဟာ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဆောက်သမ်တန်နဲ့ပွဲမှာ ထုတ်ပယ်ခံရပြီးနောက် မန်ယူကွင်းလယ်ကစားသမား ကာစီမီရိုသည် ကွင်းထဲကနေပြီး မျက်ရည်တွေနဲ့ထွက်လာတဲ့ပုံဟာ ယူနိုက်တက် ပရိသတ်တွေအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။