Manu sports

ကွင်းလယ်ဒိုင်ရဲ့ လုပ်ရက်နဲ့ပက်သက်ပြီး ပွဲပြီးအင်တာဗျူး မှာ အပြင်းထန်ပေါက်ကွဲခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

ကွင်းလယ်ဒိုင်ရဲ့ လုပ်ရက်နဲ့ပက်သက်ပြီး ပွဲပြီးအင်တာဗျူး မှာ အပြင်းထန်ပေါက်ကွဲခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်ကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ ကက်စ်မဲရိုးအနီကတ်ပြခံခဲ့ရပြီး အိမ်ကွင်းမှာပဲ ဆောက်သမ်တန်ကို ခက်ခက်ခဲခဲရင်ဆိုင်သွားခဲ့ရပါတယ်။ ယူနိုက်တက်တို့ ဂိုးရဖို့ ခက်ခဲနေချိန်မှာပဲ ကက်စ်မဲရိုးရဲ့ ဘောလုံးဖျက်ထုတ်မှုက ပြိုင်ဘက်ခြေထောက်ကို သွားထိခဲ့ရာမှာ အနီကတ်ပြခံလိုက်ရတာပါ။

ဒီဆုံးဖြတ်ချက်မှာတော့ ကွင်းလယ်ဒိုင်က မှားယွင်းတယ်လို့ ဆိုရမှာဖြစ်ပြီး ကက်စ်မဲရိုးက ဘောလုံးအရင်ထိပြီးမှ ခြေထောက်ကိုထိခဲ့တာဖြစ်သလို ဘောလုံးကိုပဲ အာရုံစိုက်ဖျက်ထုတ်ခဲ့တာကို အနှေးပြကွက်မှာ အထင်အရှားတွေ့ရမှာပါ။

လူတယောက်အထုတ်ခံလိုက်ရတာက ယူနိုက်တက်အတွက်တော့ ပိုပြီးခက်ခဲသွားခဲ့ပါတယ်။ ဂိုးရဖို့အတွက် ရုန်းကန်နေရချိန်မှာ တယောက်လျော့အနေအထားနဲ့ ကစားရတာဖြစ်လို့ တော်တော်လေးတော့ မလွယ်ကူခဲ့ပါဘူး။

ပဲလေ့စ်နဲ့ပွဲမှာ အနီထိပြီး ပွဲပယ်ပြစ်ဒဏ်က ပြန်လွတ်လာတာမကြာသေးတဲ့ ကက်စ်မဲရိုးက နောက်ထပ်အနီထိခဲ့ပြီး ပွဲထပ်ပယ်ခံရမှာက ယူနိုက်တက်အတွက်တော့ တကယ်ဆိုးရွားလွန်းပါတယ်။

အနီထိပြီးနောက်မှာ ယူနိုက်တက်တို့ ပင်နယ်တီရနိုင်တဲ့ အခြေအနေနှစ်ခုအထိရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR တောင် ပြန်မကြည့်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ ပိုဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

တန်ဟက်ဂ်က”ကတ်စီမဲရိုးကဥရောပတစ်ခွင်ပွဲပေါင် ၅၀၀ ကျော်ကစားခဲ့တာပါ။တိုက်ရိုက်အနီကတ်တစ်ခါမှမထိဖူးပါဘူး။အခုပရီးမီးယားလိဂ်ကိုရောက်မှ အနီကတ်ထိတာနှစ်ခါရှိပါပြီ။သူဒီလိုအနီကတ်ထိတာက ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး။ကျွန်တော်ကြည့်စီစဉ်နိုင်ပါတယ်။

ဒါပေမယ့် ဒီပွဲကဒိုင်ကြောင့်အလှည့်အပြောင်းဖြစ်ခဲ့တာပါ။စည်းမျဉ်းစည်းကမ်းတွေကဘယ်တော့မှတစ်သတ်မှတ်တည်း မရှိပါဘူး။ဒါကြောင့် ကစားသမားတွေလည်း စည်းမျည်းစည်းကမ်းတွေကိုနားလည်ရခက်ကုန်ပါတယ်။

ပြီးတော့ ပင်နယ်တီကပေးကိုပေးရမှာပါ။နှစ်ခါပြန်စဉ်းစားနေစရာမလိုပါဘူး။VAR တောင်မကြည့်ခဲ့တဲ့အကြောင်းအရင်းကို ကျွန်တော်လည်းစဉ်းစားမရပါဘူး။

ဂါနာချိုကိုက ကြိုတင်ကာကွယ်တဲ့အနေနဲ့လူစားပြန်လဲခဲ့တာပါ။ဒဏ်ရာသိပ်မပြင်းထန်ဖို့ကိုမျှော်လင့်ပါတယ်။”-အဲရစ်တန်ဟက်ဂ် ကပြောကြားခဲ့ပါတယ်။