ကတ်စမဲရိုး ထိုးနှက်ချက်အပြင် နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက်တခုကိုပါ ရလိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကာဆီမီရိုဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် သရဲနီကစားသမားအဖြစ် ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ တိုက်ရိုက်အနီကဒ် ၂ ကြိမ်အပြခံခဲ့ရပြီးပြီဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူကြီးဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ ၇ နှစ်တာကာလအတွင်း တိုက်ရိုက်အနီကဒ် တစ်ကြိမ် အပြမခံခဲ့ရဖူးပါဘူး။ ဒါပေမယ့်လက်ရှိမှာတော့ကာဆီမီရိုဟာ မန်ယူနိုက်တက်အတွက် ကစားပေးတဲ့ နောက်ဆုံးလိဂ်ပွဲ ၃ ပွဲမှာ အနီကဒ် ၂ ကြိမ်အထိ အပြခံခဲ့ရပြီးပါပြီ။
ဒါ့အပြင် ကာဆီမီရိုဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ် လာလီဂါပွဲပေါင်း ၂၂၂ ပွဲမှာမှ ၂ ကြိမ်သာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရဖူးတာဖြစ်ပြီး မန်ယူနိုက်တက်မှာတော့ ပရီးမီးယားလိဂ်ပွဲ ၁၉ ပွဲနဲ့တင် တိုက်ရိုက်အနီကဒ် ၂ ကြိမ်နဲ့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ကတ်စမဲရိုးရဲ့အနီကတ်က အဓိကပွဲစဉ် ၄ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲ၊ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမယ့် နယူးကာဆယ်၊ ဘရန်းဖို့ဒ်၊ အဲဗာတန်နဲ့ပွဲတွေမှာ ကတ်စမဲရိုးကို လွဲချော်မှာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အတွက် ကြီးမှားတဲ ထိုးနှက်ချက်တခုပဲ ဖြစ်ပါတယ်။
ကတ်စမဲရိုးအနီကတ်နဲ့ပတ်သက်ပြီး နည်းပြတန်ဟတ်က ” ကတ်စ်မဲရိုးက ဥရောပမှာ ပွဲ၅၀၀ကျော် ကစားခဲ့ဖူးပြီး တစ်ကြိမ်မှ အနီကတ် မထိခဲ့ပါဘူး။ အခု ပရီးမီးယားလိဂ် သူ အနီကတ်နှစ်ကြိမ် ပြသခံခဲ့ရပြီးပါပြီ။
သူ နောက်ပွဲတွေမပါတာက ကျွန်တော်တို့အတွက် ပြသနာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲ့ဒါကို ဖြေရှင်းနိုင်ပါတယ်။ ဒီပွဲက ဒိုင်လူကြီးတွေရဲ့ လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေခဲ့တာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
ကွင်းလယ်ဒိုင် က ကတ်စမဲရိုး ကို VAR ကြည့်ပြီး အနီကဒ်ပြခဲ့ပေမယ့် ဂါနာချို ကို ခြေစုံပစ်ဝင်ခဲ့တဲ့ ဝေါ်ကာပီတာစ့် ကိုတော့ မျက်ကွယ်ပြုခဲ့တာကတော့ အတော်လေး ဘက်လိုက်တယ်လို့ ဆိုရပါမယ်။ ဝေါ်ကာပီတာရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဂါနာချိုကို အိုးလ်ထရက်ဖို့ဒ်ကနေ
ချိုင်းထောက်နဲ့ ထွက်ခွာသွားတာ မြင်တွေ့ရပါတယ်။ဒါ့အကြောင့် ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်နဲ့ပွဲကို အနိုင်မရတဲ့အပြင် ကြီးမားတဲ့ ထိုးနှက်ချက် နှစ်ခုကို တပြိုင်တည်း ကြုံတွေ့ခဲ့ရပါတယ်။