Manu sports

ဖူလ်ဟမ်အသင်း မှာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီကြယ်ပွင့် ကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်

ဖူလ်ဟမ်အသင်း မှာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီကြယ်ပွင့် ကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းအားဖြည့်ဖို့ စီစဉ်နေပြီး ဖူလ်ဟမ်ကွင်းလယ်လူ ယာအိုပယ်လင်ဟာကို ခေါ်ယူချင်နေတယ်လို့သတင်းထွက်လာပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလက်ရွေးစင်ကစားသမား ပယ်လင်ဟာ,ဟာဒီရာသီအစကမှ စပို့တင်းလစ္စဘွန်းကနေဖူလ်ဟမ်ကိုပေါင်(၁၇.၂)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာအသင်းအတွက် ခြေစွမ်းပြကစားနေပါတယ်။

ပယ်လင်ဟာရဲ့ခြေစွမ်းပြမှုနဲ့အတူ ဖူလ်ဟမ်အသင်းဟာFA ဖလား ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ထားသလိုပရီးမီးယားလိဂ်မှာလည်း အဆင့်(၈)နေရာ ရပ်တည်နေတာကြောင့်လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

အခုလို ပုံစံကောင်းပြသနေတဲ့အတွက် ပယ်လင်ဟာကို ခေါ်ယူဖို့ယူနိုက်တက်အပါအဝင်ပရီးမီးယားလိဂ်ထိပ်သီ ၆) သင်းကပစ်မှတ်ထားနေတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

ပယ်လင်ဟာရဲ့ လက်ရှိဈေးကွက်ပေါက်ကြေးက ပေါင်သန်း(၄၀)ကျော်အထိရှိနိုင်ပြီး ဖူလ်ဟမ်အသင်းကတော့ သူတို့ကစားသမားအတွက်ကမ်းလှမ်းမှုတွေကို ငြင်းဆန်သွားဖို့ရှိပါတယ်။

ပယ်လင်ဟာ,ဟာဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံးဖျက်ထုတ်မှု (Tackles)အများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့်သူ မပါဝင်နိုင်တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဖူလ်ဟမ်တို့ (၃-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။