ယူနိုက်တက်အသင်း အဝတ်လဲခန်း ရဲ့ စည်းလုံးမှုတွေဟာ မယုံကြည်နိုင်စရာဖြစ်ခဲ့ရတဲ့အကြောင်းတွေကို ဖွင့်ဟလာတဲ့ ဒီဂီယာ
မန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမား ၁၀ ဦးတည်းနဲ့လည်းအနိုင်ကစားဖို့ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဂိုးသမားဖြစ်သူဒေးဗစ် ဒီဂီယာက ပြောဆိုလာပါတယ်။
မန်ယူအသင်းရဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်သူ ကတ်စ်မဲရိုးဟာ ဒီရာသီမှာသူ့အတွက် ဒုတိယမြောက်အနီကဒ်ကို ပွဲကစားချိန် ၃၂ မိနစ်မှာပြသခံခဲ့ရတာကြောင့်၊ မန်ယူအသင်းဟာ လက်ကျန်ပွဲကစားချိန်မှာ၁၀ ဦး တည်းနဲ့ ကစားခဲ့ရပါတယ်။
ပွဲဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးခဲ့ပေမယ့်နှစ်သင်းစလုံးဘက်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ကြပြီး၊ပွဲအပြီးမှာ ဒီဂီယာကလည်း သူတို့အသင်းအနေနဲ့ တစ်ဦးလျော့ပေမယ့်ပွဲကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်ခဲ့ကြကြောင်း ဆိုလာပါတယ်။
ကစားသမား ၁၀ ယောက်တည်းနဲ့ ပွဲကို အနိုင်ရမယ်လို့ ထင်ခဲ့သလားလို့မေးတဲ့အခါ ဒီဂီယာက ဒါပေါ့၊ ကျွန်တော်တို့ ပထမပိုင်းအပြီးအဲ့ဒီအကြောင်း ပြောခဲ့ကြတယ်။
ကျွန်တော်တို့ သိခဲ့ပါတယ်၊ဒီတော့ ဆက်ကြိုးစားခဲ့တယ်၊ ခံစစ်ကို ကောင်းကောင်းကာကွယ်ခဲ့ကြတယ်၊ပြီးတော့ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတစ်ချို့ ဖန်တီးနိုင်ခဲ့ကြတယ်။
ကျွန်တော်တို့တွေ ဂိုးတိုင်တောင် ထိခဲ့ပါတယ်၊ ကျွန်တော်တို့မှာအခွင့်အရေးကောင်းတစ်ချို့ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်ပြောထားသလိုပဲ၊ ကစားသမားတစ်ဦးလျော့နဲ့ အကြာကြီးကစားရတာက အမြဲတမ်းခက်ပါတယ်။ ဆက်ကြိုးစားတာပေါ့၊ရှေ့လျှောက်ပွဲကြီးတွေ လာအုန်းမာပါ ” ” ဒီတော့ အာရုံပြန်စိုက်ကြတာပေါ့။
ဒီယို ဝဲလ်ကော့လည်း အခွင့်အရေးကြီးတစ်ချို့ ရခဲ့တယ်၊ဒါပေမယ့်လည်း ကျွန်တော်က အသင်းကို ကာကွယ်မှုတစ်ချို့နဲ့ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေါ့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲမှာဂိုးမပေးရတာကကောင်းပါ တယ်၊ ဒါပေမယ့် တစ်သင်းလုံးက အရမ်း၊ အရမ်းကိုကောင်းအောင် ကာကွယ်ခဲ့ကြပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။