Manu sports

ကက်စမဲရိုးအနီးကဒ်နဲ့ပက်သက်ပြီး အယူခံမဝင်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြန်လည်ပါဝင်နိုင်မယ့် ပွဲကိုသာအတည်ပြုခဲ့တဲ့ ယူနိုက်တက်

ကက်စမဲရိုးအနီးကဒ်နဲ့ပက်သက်ပြီး အယူခံမဝင်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြန်လည်ပါဝင်နိုင်မယ့် ပွဲကိုသာအတည်ပြုခဲ့တဲ့ ယူနိုက်တက်

မန်ယူနိုက်တဒ်အသင်းဟာ ကွင်းလယ်လူ ကတ်စမဲရိုး ရဲ့ အနီကဒ် ပြစ်ဒဏ်နဲ့ပက်သက်လို့ PGMOL(ပရီးမီးယားလိဂ်ဒိုင်များအဖွဲ့ချုပ်) နဲ့ FA ထံ အယူခံတင်သွင်းမှာမဟုတ်ပဲ မူလပြစ်ဒဏ်အတိုင်းသာ ကျခံစေရန် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ကတ်စမဲရိုး ရဲ့ ဖျတ်ထုတ်မှုက ပြင်းထန်မှုမရှိခဲ့ပေမယ့် serious foul play ဆိုကာ VAR ဒိုင် အန်ဒရီမာရီနာ ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကွင်းလယ်ဒိုင် အန်တိုနီတေလာ က တိုက်ရိုက်အနီကဒ် ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ကတ်စမဲရိုး က ဘောလုံးဦးခဲ့ပေမယ့် တိုက်ရိုက်အနီကဒ် ထိခဲ့တာကတော့ အတော်ကို မြင့်မားတဲ့ပြစ်ဒဏ်ဖြစ်ပြီး ရှေ့ပွဲတွေမှာ လျစ်လျူရှုခဲ့တာနဲ့ယှဉ်ရင် ယူနိုက်တဒ်ဖြစ်နေလို့ ပိုမိုပြစ်ဒဏ်ကျခံရတာလို့တောင် ဆိုလို့ရပါတယ်။

ချဲလ်ဆီး နဲ့ လက်စတာ ပွဲမှာလည်း အလားတူပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်းသာပြုလုပ်ခဲ့ပေမယ့် ယခုပွဲမှာတော့ တိုက်ရိုက်အနီကဒ်ပြသခဲ့တဲ့အပေါ် ပရီးမီးယားလိဂ်ဒိုင်တွေရဲ့စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လျက်ရှိပါတယ်။

အထူးသဖြင့်ဆောက်တပ်တန် နဲ့ ပွဲကို ကိုင်တွယ်ခဲ့တဲ့ အန်တိုနီတေလာ က ယူနိုက်တဒ် ရဲ့ ဗီလာ ကို အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ လူးကပ်စ်ဒင်ညာ ရဲ့ ပြစ်ဒဏ်ဘောကန်ချက်အတွက် ယူနိုက်တဒ်လူ

တံတိုင်းကို(၅မီတာ)ထက်နောက်ဆုတ်စေကာစည်းပြုလုပ်ခဲ့သလို ယမန်နေ့ကပွဲမှာလည်း ဝက်ဒ်ပရောက်စ့် ရဲ့ ကန်ချက် အတွက် စည်းတားရာမှာ အတော်လေး နောက်ကိုရောက်ရှိနေပါသေးတယ်။

အန်တိုနီတေလာကပွဲတွင်းဆုံးဖြတ်ချက်အမှားတွေ မကြ ာခဏချမှတ်မှုကြောင့် ဝေဖန်ခံနေရသူဖြစ်ပြီး ယခုရာသီပြုလုပ်ခဲ့တဲ့ မှားယွင်းလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အသင်းကြီးတွေအတွက်နစ်နာမှုတွေ များလာရပါတယ်။တေလာ က ဂါနာချို ဥပဒေပကစားခံရချိန်မှာ VAR ပြန်မကြည့်ခဲ့သလို ရရှ်ဖို့်ဒ် နဲ့ စိန့်ဂိုးသမား ထိတွေ့ခဲ့ပေမယ့် ပယ်နယ်တီပေးခဲ့ခြင်းတော့မရှိပါဘူး။

ဧရိယာအတွင်း လက်နဲ့သိသာစွာရှင်းထုတ်ခဲ့တာကိုလည်း ပယ်နယ်တီမပေးခဲ့ပေမယ့် ကတ်စမဲရိုး ကိုတော့တိုက်ရိုက်အနီကို တကူးတက ပြသခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက်အနီကဒ်ဖြစ်လို့ (၄)ပွဲအထိလွဲချော်မှာဖြစ်ပြီး ချဲလ်ဆီး နဲ့ ပွဲမှသာ ပြန်လည်ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။