ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းရွေ့က ရူးသွပ်စရာကောင်းတဲ့ အရာတစ်ခု ကို လုပ်ပြခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ပီအက်စ်ဗွီအသင်းရဲ့ဒါရိုက်တာ မာဆယ် ဘရန့်ဒ်စ်
ပီအက်စ်ဗွီအသင်းရဲ့ ဒါရိုက်တာဖြစ်သူ မာဆယ် ဘရန့်ဒ်စ်က ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အန်တိုနီအတွက်ဈေးကြီးလှတဲ့ အပြောင်းအ ရွှေ့ဟာ ရူးသွပ်စရာကောင်းကြောင်း ပြောဆိုလာပါတယ်။
မန်ယူအသင်းဟာအသက်၂၃နှစ်အရွယ်ဘရာဇီး ကစားသ မားကို အေဂျက်အသင်းကနေ ပေါင် ၈၅.၅ သန်းပေးကာ ခေါ်ယူခဲ့တာဖြစ်ပြီး၊ထိုပမာဏဟာ အန်တိုနီကို ပရီးမီးယားလိဂ်သမိုင်းမှာ ဈေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်စေခဲ့ပါတယ်။
အန်တိုနီဟာ အခုလိုဈေးကြီးပေးထားရပေမယ့် ခြေစွမ်းပိုင်းမှာတော့ ပရိသတ်တွေအံ့အားသင့်သွားအောင် လုပ်မပြနိုင်သေးတာကြောင့် ဝေဖန်ပြောဆိုခြင်းခံနေရပြီး၊ အခုတစ်ကြိမ်မှာလည်း ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ
အဲဗာတန်အသင်းရဲ့ ဒါရိုက်တာလုပ်ခဲ့တဲ့ ဘရန့်ဒ်စ်က အန်တိုနီအတွက်မန်ယူအသင်းပေးခဲ့ရတဲ့ပမာဏကို မယုံကြည်နိုင် ဖြစ်နပြီး၊မန်ချက်စတာစီးတီးကနေ အာဆင်နယ်ကို ပြောင်းခဲ့တဲ့ ဂါဘရီရယ် ဂျီးဆပ်( ပေါင် ၄၅ သန်း ) နဲ့ လိဒ်စ်ကနေ ဘာစီလိုနာကို ပြောင်းခဲ့တဲ့ရာဖင်ညာ ( ပေါင် ၅၅ သန်း ) တို့နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
ရာဖင်ညာက အန်တိုနီထက်တောင် ပိုပြီးတော့ ကောင်းတဲ့ကစားသမားလို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမယ့် သူကဘာစီလိုနာဆီကို အန်တိုနီထက်တောင် ပိုပြီး နည်းတဲ့ငွေကြေးပမာဏနဲ့ပြောင်းရွှေ့ခဲ့တာပါ။
အန်တိုနီရဲ့အပြောင်းအရွှေ့ကို မန်ချက်စတာစီးတီးအသင်းကနေ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ သွားတဲ့ဂါဘရီရယ် ဂျီးဆပ်ရဲ့ လက်တွေ့ဆန်တဲ့ အပြောင်းအရွှေ့နဲ့နှိုင်းယှဉ်ကြည့်လိုက်ကြပါ။ အဲ့ဒီပမာဏတွေက ပုံမှန်ဈေးနှုန်းတွေပါပဲ။
ဘောလုံးလောကမှာရှိတဲ့လူတိုင်းကအန်တိုနီရဲ့ အပြောင်းအ ရွှေ့ဟာရူးသွပ်စရာကောင်းတယ်ဆိုတာသိကြပါတယ်လို့ပြော ဆိုသွားခဲ့ပါတယ်။အန်တိုနီဟာ ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်းထားပြီး အိုးထရက်ဖို့ဒ်မှာကောင်းတဲ့စတင်မှုတစ်ခု လုပ်ထားနိုင်ခဲ့ပေမယ့်၊ ကြီးမားလှတဲ့ပြောင်းရွှေ့ကြေးကြောင့် ခြေစွမ်းပိုင်းမှာ ထင်သလောက်အသိအမှတ်ပြုခြင်းတော့ မခံထားရတာ ဖြစ်ပါတယ်။