Manu sports

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ကို တစ်ပွဲသာစောင့်ကြည့်ပြီး ဘရူနို ရဲ့ အကူညီနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ နည်းပြ တန်ဟက်ဂ်

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ကို တစ်ပွဲသာစောင့်ကြည့်ပြီး ဘရူနို ရဲ့ အကူညီနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ နည်းပြ တန်ဟက်ဂ်

မန်ယူနိုက်တဒ်အသင်းဟာ ဖူလ်ဟမ်ကွင်းလယ်လူ ဂျိုအာပေါ်လင်ဟာ ကို ခေါ်ယူနိုင်ရန်အတွက် မဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ လီဗာပူးလ်၊အာဆင်နယ် တို့နဲ့ အပြိုင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ ယခုရာသီမှာမှ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတာဖြစ်ပေမယ့် ခြေစွမ်းကောင်းပြနိုင်ခဲ့သလို အသက်အရွယ်အရလည်း(၂၇)နှစ်သာ ရှိသေးတာကြောင့် အသင်းကြီးတွေက အလိုရှိနေတာပဲ ဖြစ်ပါတယ်။

ပေါိလင်ဟာ ကို ခေါ်ယူနိုင်ရန် အတွက် ယူနိုက်တဒ်အသင်းက လက်ဦးမှုရနိုင်ဖို့ စတင်ကြိုးစားနေပြီး ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့်FAဖလားပွဲစဉ်မှာကင်းထောက်တွေ နဲ့ အချက်လက်လေ့လာရေးအဖွဲ့တို့က ပေါ်တူဂီ သားရဲ့ ခြေစွမ်းကို စောင့်ကြည့် လေ့လာသွားမှာပဲဖြစ်ပါတယ်။

ပေါ်လင်ဟာ က စပို့တင်းCP ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ကွင်းလယ်အဖျတ်အားသန် ကစားသမားဖြစ်ပါတယ်။ကွင်းလယ်အထိုင် ကစားသမားပီပီ ပြိုင်ဘက်တိုက်စစ်ကိုဟန့်တားရာမှာထူးချွန်သလို သူ့ရဲ့ အမြင်စူးရှမှု နဲ့ ပေးပို့နိုင်စွမ်းကလည်း အဆင့်တန်းတစ်ခုမှာရှိပါတယ်။ပေါ်လင်ဟာရဲ့အဓိကအားသာချက်က ခံစစ်နဲ့တွဲဖက်ပြီး အကောင်းဆုံး ထိန်းချုပ်ကစားနိုင်တာဖြစ်သလို ဘောလုံးနဲ့အတူ ဆွဲတက်ရာမှာလည်း ကောင်းမွန်သူပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ ပေါ်လင်ဟာ ကို ကတ်စမဲရိုး နေရာအတွက် အစားထိုးရန်ပါ ရည်ရွယ်ထားပြီး တဖက်မှာလည်း တော်မနေး၊ဖရဒ်တို့အစားပေါ်လင်ဟာလို အရည် သွေးမြင့်ကွင်းလယ်လူနဲ့ တိုက်ရိုက်အစားထိုးနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ပေါ်လင်ဟာ က ယခုရာသီမှာ ဖူလ်ဟမ်အတွက်(၂၄)ပွဲကစားပေးထားပြီး (၃)ဂိုးရယူထားသလို ထိပ်တန်းလိဂ်(၅)ခုအနက် ဖျတ်ထုတ်မှုအကြိမ်(၁၀၀)ကျော်ပထမဆုံးရတဲ့ ကစားသမားအဖြစ်လည်းစံချိန်ဝင်ထားပါသေးတယ်။

ဖူလ်ဟမ်အသင်းက ပေါ်လင်ဟာ ကို ရောင်းချမယ်ဆိုရင် ပေါင်သန်း(၄၀)ဝန်းကျင် ပမာဏ တောင်းဆိုဖွယ်ရှိပြီး ပရီးမီးယားလိဂ်ထိပ်သီးတွေအတွက်ခက်ခဲတဲ့ပမာဏ မဟုတ်တာတော့ သေချာပါတယ်။

ယူနိုက်တဒ် အနေနဲ့ ပေါ်လင်ဟာ ကို ခေါ်ယူနိုင်ဖို့ ဘရူနိုဖာနန်ဒက်စ် ရဲ့ အကူညီကို ရယူမှာဖြစ်ပြီး နည်းပြကြီးတန်ဟဂ် ကိုယ်တိုင်ကလည်း ယခုလာမယ့်ပွဲမှာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။