Manu sports

ယူနိုက်တက်အသင်း ရဲ့ နောက်ဆုံးရ ညပိုင်းသတင်းများ

ယူနိုက်တက်အသင်း ရဲ့ နောက်ဆုံးရ ညပိုင်းသတင်းများ

RUMOUR : ယူနိုက်တက် ၊ ချယ်လ်ဆီးအသင်းများသည် ဒေါ့မန်၏၂၅ နှစ်အရွယ်ရှိ ဆွစ်ဇာလန်ဂိုးသမား Gregor Kobel ၏အေးဂျင့်နှငိ့တွေ့ဆုံခဲ့ကြောင်းသိရသည် ။

ကစားသမားတွင် ၂၀၂၆ အထိစာချုပ်ရှိပြီး ဒေါ့မန်တွင်နောက်တစ်ရာသီဆက်ကစားလိုလျက်ရှိသေးကာ ဒေါ့မန်ကလည်းမရောင်းချလိုသေးပေ ။

TRANSFER NEWS!လက်ရှိအခြေအနေများအရ ယူနိုက်တက်သည်ဟယ်ရီကိန်းအားခေါ်ယူရန်အလေးပေးမစဉ်းစားတော့ပါ။အသက်(၂၉)နှစ်အရွယ်တိုက်စစ်မှူးအတွက် ကုန်ကျမည့်ငွေကြေးမှာ များပြားလွန်းနေသည်။နာပိုလီတိုက်စစ်မှူး ဗစ်တာအော်စ်စီမန်သည် ယူနိုက်တက်အားဆွဲဆောင်လျက်ရှိသည်။

ဂါနာချို ” လက်ရှိအချိန် ကျွန်တော့်ခံစားချက် ဘယ်လိုဖော်ပြရမယ် မှန်းတောင် အတော်လေးကို ခက်ခဲနေပါတယ်။ ကံ မကောင်းစွာနဲ့ပဲ အသင်းရဲ့ရှေ့လာမယ့်ပွဲတွေအတွက် အရေးပါတဲ့နေရာကနေ ကျွန်တော့်အသင်းဖော်တွေကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။

ကျွန်တော် နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူရတဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် မကစားရဘဲ လွဲ ချော်ရတဲ့အပေါ်ကျွန်တော့်အနေနဲ့လည်းစိတ်ပျက်မိပါတယ်။

ယူနိုက်တက်အသင်းသည် ကစားသမားအချို့ကြံခိုင်မှုမပြည့်သည့်အတွက်ဖျားနေတဲ့ လင်ဒီလော့ဒ်ကိုပဲ ရီးရဲလ်ဘက်တစ်နဲ့အသင်း ပွဲမှာ ပါဝင်ဖို့မျော်လင့်ရပါတယ်။

Anthony Martial နှင့် Marcel Sabitzer တို့ဟာ ဘက်တစ်အသင်းနဲ့ယူရိုပါလိဂ်ပွဲစဥ်ဒုတိယအကျော့Sevil le သို့ထွက်ခွာမယ့် ခရီးစဉ်မှာပါဝင်နိုင်ဖို့ ဒဏ်ရာသံသယရှိနေတယ်လို့သိရပါတယ်။