Manu sports

ယူနိုက်တက် ကို စော်ကားမိလို့ ပေါ့ဘာ လည်းကောင်းကောင်းနောင်တရနေလောက်ပါပြီ

ယူနိုက်တက် ကို စော်ကားမိလို့ ပေါ့ဘာ လည်းကောင်းကောင်းနောင်တရနေလောက်ပါပြီ

မန်ယူနိုက်တဒ်အသင်းကနေဒုတိယအကြိမ်အလွတ်ပြောင်း ရွှေ့ ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ပေါလ်ပေါဂ့်ဘာ ဟာ အီတလီမှာ မျှော်လင့်သလို နွေးထွေးမှုတွေ မရရှိတဲ့အပြင် ယခုအခါမှာတော့ စာချုပ်ဖျတ်သိမ်းခံရမယ့် အရေးနဲ့ပါ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။

ပေါဂ့်ဘာ က ယခုရာသီမှာ တူရင်ကလပ်ကိုပြောင်းရွှေ့လာခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီဝက်တစ်ခုလုံးကိုအနားယူခဲ့သလိုပြန်လည်ကြံခိုင်လာချိန်မှာလည်း၁၀မိနစ် ခန့်သာကစားခဲ့ပြီးထပ်မံဒဏ်ရာရခဲ့လို့ နောက်ထပ်(၆)ပတ်နီးပါး အနားယူရဦးမှာပဲ ဖြစ်ပါတယ်။ပေါဂ့်ဘာ က ယူရိုပါလိဂ် (၁၆)သင်းအဆင့်ပကျော့မှာလည်း လေ့ကျင့်ခန်းနောက်ကျခဲ့လို့ ပွဲထွက်လူစာရင်းကနေချန်လှပ်ခံခဲ့ရပါသေးတယ်။

ပေါဂ့်ဘာ က မန်ယူနိုက်တဒ်အသင်းဟာ စာချုပ်သစ်ကို အချိန်မှီကမ်းလှမ်းခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ပေါင်(၈၉)သန်းနဲ့ ၂၀၁၆ က ခေါ်ယူခဲ့မှုအပေါ် ဒုတိယအကြိမ်အလွတ်နဲ့ ထပ်မံပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ယူဗင်းတပ်စ်အသင်းဟာ သူ့ရဲ့အိမ်ဖြစ်တယ်လို့ တွင်တွင်ပြောခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် ကာလရှည်ကြာပရိတ်သတ်မြင်ကွင်းက ပျောက်ဆုံးနေသလို အသင်းကလည်း အမှတ်လျော့ပြစ်ဒဏ်ကြောင့် ကွန်းဖရန့်စ်လိဂ်တောင်ဝင်ဖို့ ရုန်းကန်နေရချိန်မှာတော့ ပေါဂ့်ဘာ အပေါ် တူရင်ပရိတ်သတ်တွေက စတင်စိတ်ပျက်လာကြတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် လေ့ကျင့်ရေး နောက်ကျလို့ လူစာရင်းကနေချန်လှပ်ခံရတဲ့အပေါ် ပရိတ်သတ်တွေက ပိုမိုပေါက်ကွဲနေကြပြီ ဒီရာသီ(၃၃)ပွဲအထိ လွဲချော်ထားတဲ့ ပြင်သစ်သားအပေါ် စိတ်ရှည်မှုတွေ ကုန်ဆုံးနေကြတာပဲ ဖြစ်ပါတယ်။

ပေါဂ့်ဘာကသူ့ရဲ့အိမ်တွင်းရေးပြသနာတွေလည်း တောက် လျှောက်ရှိနေပြီး ပြင်သစ်အသင်းဖော် အမ်ဘာပေး ကို အောက်လမ်းဆရာနဲ့အစီရင် တွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ညီအကိုချင်း ငွေညှစ်ခံရတဲ့ပြသနာအပါဝင် မိသားစုတွေကြား အရှုတ်ထုတ်တွေ အတော်လေးများတာကြောင့်လည်း ဘောလုံးကန်ဖို့ကို အာရုံမစိုက်နိုင်လောက်အောင်ဖြစ်နေပြီး ပရိတ်သတ်တွေကတော့ ဒဏ်ရာဟာ အတုသာဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိပါတယ်။

ယူနိုက်တဒ် အတွက်တော့ ပေါဂ့်ဘာ ထွက်ခွာသွားတာက ဆုံးရှုံးမှုမရှိလှပဲ လစာမြင့်မားလွန်းတဲ့အချက်ကို ကာကွယ်နိုင်ခဲ့သလို ယခုလိုအဝတ်လဲခန်းအတွင်း ပြသနာဖြစ်စေမယ့် အခြေအနေတွေကိုလည်း ရှောင်ရှားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။