ဘရူနို နဲ့ ကက်စမဲရိုးရဲ့ အမှားကြောင့်ယူရိုပါလိဂ်ဖလား နဲ့ ဝေးကွာသွားနိုင်တဲ့ ယူနိုက်တက်အသင်း
မန်ယူနိုက်တဒ်အသင်းရဲ့ ဘက်တစ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့် ဒုကျော့ဟာ တန်ဟဂ် အတွက် ဖိအားကင်းတယ်လို့ဆိုနိုင်ပါတယ်ဒဏ်ရာပြသနာကြောင့် ကစားသမားအတော်များများကို
လက်လွှတ်ထားရသည့်တိုင်ပကျော့ကို(၄-၁)ဆိုတဲ့ပြတ် သားတဲ့ရလာဒ်နဲ့ဦးဆောင်ထားနိုင်ခဲ့လို့ဖိအားအတော်အတန် လျော့ကျနေပြီး လူစာရင်းမှာ လူငယ်တချို့ကိုတောင် အသုံးပြုလာနိုင်ချေ ရှိပါတယ်။
အသင်းရဲ့ဒဏ်ရာရလူစာရင်းမှာ အဲရခ်ဆင်၊ ဗန်ဒီဘိခ့်၊ ဂါနာချို တို့အပြင် လင်ဒီလောဖ့်လည်း ဖျား နေတာကြောင့် စပိန်ကို လိုက်ပါနိုင်မလားဆိုတာ သေချာမှုမရှိသေးပါဘူး။
အန်သိုနီမာစီရယ် နဲ့ မာဆယ်ဆဘစ်ဇာ ကလည်း ဒဏ်ရာကနေအပြီးသတ်ပျောက်ကင်းခြင်း မရှိလို့ စပိန်ကိုလိုက်ပါနိုင်မှာ မဟုတ်သေးလို့ တန်ဟဂ် အနေနဲ့ လူငယ်တချို့ကို အသင်းလူစာရင်းမှာ ထည့်သွင်းရဖွယ်ရှိပါတယ်။
ဒီပွဲမှာ အထူးဂရုပြုရမှာက ဘရူနို နဲ့ ကတ်စမဲရိုး အနေနဲ့ နောက်ထပ် အဝါကဒ်ထပ်မံပြသခံရတာမျိုး အဖြစ်အောင် ထိန်းသိမ်းကစားရန်လိုပြီး အဝါကဒ်ထပ်ထိရင် ကွာတားဖိုင်နယ် ပကျော့ ကို လွဲချော်မှာပဲ ဖြစ်ပါတယ်။
အဆိုပါ အဝါကဒ်ပြစ်ဒဏ်မှတ်တမ်းဟာ ကွာတားဖိုင်နယ်အဆင့်အထိအကျုံးဝင်မှာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကိုကျော်လွန်ပြီးမှသာ ပြစ်ဒဏ်ကင်းလွတ်မှာဖြစ်ပါတယ်။ ဆိုလိုတာက ဘရူနိုနဲ့ ကတ်စမဲရိုး တို့ဟာ ရီးရဲဘက်တစ်နှင့် ဒုကျော့ပွဲစဉ်အပါအဝင် ကွာတားဖိုင်နယ် နှစ်ကျော့တွင် အဝါကဒ်တစ်ကြိမ်ထပ်မံပြသခံခဲ့ရပါက တစ်ပွဲပယ်ခံရမှာဖြစ်ပါတယ်။
တန်ဟဂ် ကတော့ ဒီပွဲမှာ ဖာကွန်ဒို၊ကိုဘီမိုင်နို၊ဇီဒန်း အစရှိတဲ့လူငယ်တွေကို နေရာပေးနိုင်ဖွယ်ရှိပါတယ်။ တိုက်စစ်မှာလည်း ဆန်ချို အတွက် ဘယ်တောင်ပံကစားခွင့်ရနိုင်ပြီး မက်ဂွိုင်းယား၊တွမ်ဟီတန် တို့ နဲ့ ပွဲထွက်လာနိုင်ချေရှိပါတယ်။
ဖူလ်ဟမ် နဲ့ ပွဲကို သေချာပေါက် လွဲချော်မယ့် ကတ်စမဲရိုးကို ဘက်တစ် နဲ့ ပွဲမှာတော့ အသုံးပြုနိုင်ပြီး အဝါကဒ်ထပ်မထိစေအောင်တော့တန်ဟဂ် တစ်ယောက် အတော်လေး ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရမှာပဲ ဖြစ်ပါတယ်။crd