Manu sports

ယူနိုက်တက်ဂန္တဝင်ဖြစ်လာမယ့်သရဲနီစတားတစ်ဦးကို မှတ် ချက်ပေးလာတဲ့ ရီယိုဖာဒီနန်

ယူနိုက်တက်ဂန္တဝင်ဖြစ်လာမယ့်သရဲနီစတားတစ်ဦးကို မှတ် ချက်ပေးလာတဲ့ ရီယိုဖာဒီနန်

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာနွေရာသီမှာကလပ်က သူ့အတွက် ပေးခဲ့ရတဲ့ ကြီးမားတဲ့ဈေးနှုန်းကြောင့်အမြဲတမ်းဝေဖန်မှုတွေ ခံနေရပါတယ်။ ဘရာဇီးလက်ရွေးစင်

အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် 7ဂိုးသွင်းယူပေးထားပြီး ဘရူနိုဖာနန်ဒက်စ် 8ဂိုးနဲ့ ရက်ရှ်ဖို့ဒ် 26ဂိုးတို့ကပဲ သူ့အပေါ်မှာရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာတော့ သူ့ရဲ့ခြေစွမ်းက မတည်ငြိမ်နေပါဘူး။ သူ့ရဲ့ပထမဆုံးလိဂ်ပွဲ3ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစ်ဂိုးမှမသွင်းနိုင်ခဲ့ပဲ တခြားပြိုင်ပွဲတွေမှာသာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဆောက်သမ်တန်နဲ့ အိုးထရက်ဖို့ဒ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲမှာ အန်တိုနီလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းကြောင့် လူအများစုရဲ့ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အန်တိုနီဆီကနေ မျှော်လင့်လို့ရတာတွေ အများကြီးရှိတယ်လို့ ယုံကြည်နေပြီး တောင်ပံ ကစားသမားက သူ့ကိုယ်သူ သက်သေပြလိမ့်မယ် လို့ ဆိုပါတယ်။

ဖာဒီနန်က သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ဗီဒစ်နဲ့ အီဗရာတို့ကလည်းယူနိုက်တက်ကိုရောက်ခါစမှာ အခြေအ နေမကောင်းခဲ့ကြပေမယ့်နောက်ပိုင်းမှာ ဂန္တဝင်တွေဖြစ်လာကြကြောင်း ထောက်ပြခဲ့ပါတယ်။

ဖာဒီနန်က “ရာသီမစခင်မှာ အန်တိုနီက ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ပြီး အခုလက်ရှိအခြေအနေမှာ သူ့ခြေစွမ်းကိုသူ အားရနေမှာမဟုတ်ပါဘူး။” “ဟုတ်ပါတယ် သူဒီရာသီမှာ

အရေးကြီးတဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့ပေမယ့် သူ့ကိုယ်သူ ရိုးရိုးသားသားပြောရင် ကျွန်တော့်ဆီကနေ လာစရာတွေ အများကြီးရှိပါသေးတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို စိတ်ရှည်ပေးပါဆိုပြီး ပြောချင်နေမှာပါ။”

လူတိုင်းက ချက်ချင်းကြီး အဆင်ပြေမှာ မဟုတ်ဘူး။ ယူနိုက်တက်မှာ ပထမခြောက်လလုံး ဝေဖန်ခံခဲ့ရတဲ့ အီဗရာကို ကြည့်ပါ၊ သူ့ရဲ့ရာသီအစဆိုးရွားတဲ့ခြေစွမ်းကို အခု ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး။” “

ဗီဒစ်လည်းအတူတူပါပဲ၊အချိန်ပေးလိုက်တာနဲ့ ရုတ်တရက် ဂန္တဝင်တွေဖြစ်လာကြတယ်။ အန်တိုနီက အဲဒီအဆင့်ကို ရောက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
crd