ချန်ပီယံလိဂ်ဖလားက ယူနိုက်တက်ကြောင့် ကုစားလို့မရတဲ့ စိတ်ဒဏ်ရာ ရသွားခဲ့တဲ့ ပက်ဂွာဒီယိုလာ
မန်ချက်စတာ စီးတီးအသင်းဟာ မနေ့ညတုန်းက ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပွဲစဥ်တွင် အာဘီ လိုက်ဇစ်အသင်းကို ( ၇-၀ ) ရလာဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီး တိုက်စစ်မှူး အာလင်း ဟာလန်းကလည်း တစ်ဦးတည်း ( ၅ ) ဂိုး သွင်းယူခဲ့ပါတယ်။
ယခုလို ကြောက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် မန်စီးတီးအသင်းဟာ ကာလရှည်စောင့်ဆိုင်းနေရတဲ့ ဥရောပအောင်မြင်မှုကို ဒီရာသီမှာ သိမ်းပိုက်နိုင်တော့မယ်လို့ ယုံကြည်မှုတွေ ရှိလာပါတယ်။
ဂွာဒီယိုလာဟာ စီးတီးနဲ့ ( ၇ ) နှစ်တာ ကာလအတွင်း ပြည်တွင်းဖလားများစွာ သိမ်းပိုက်ထားနိုင်ပေမယ့် ယခုချိန်ထိ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ ဝေးကွာလျက်ရှိပါတယ်။
ဒါ့အပြင် နည်းပြဘဝ တစ်လျှောက် မက်ဆီ ၊ ဇာဗီ ၊ အင်နီယေစတာတို့ ပါဝင်တဲ့ ဘာစီလိုနာအသင်းနဲ့သာ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့အချက်ကလည်း ဝေဖန်စရာဖြစ်နေပါတယ်။
မနေ့ညက ပွဲစဥ်အပြီးမှာ ဂွာဒီယိုလာက ချန်ပီယံလိဂ်ကို တတိယအကြိမ်မြောက် ရယူနိုင်ပါကလည်း ကုစားလို့မရနိုင်တဲ့ စိတ်ပျက်မှုတစ်ခုအကြောင်းကို ဟာသနှောပြီး ရင်ဖွင့်သွားခဲ့ပါတယ်။
ကက်တလန်နည်းပြက “ ကျွန်တော်က ချန်ပီယံလိဂ်မှာ ကျရှုံးသူပါလျို့ဝှက်ချက်တစ်ခုပြောမယ်။ ဒီနှစ်ချန်ပီယံလိဂ်ကို ငါတို့ ရရင်ပဲဖြစ်ဖြစ် ၊ သုံးနှစ်
ဆက် ရရင်ပဲဖြစ်ဖြစ် ကျွန်တော်က ကျရှုံးသူပဲဖြစ်နေအုံးမှာပါ ။ ကျွန်တော့် ဘဝမှာ စံပြပုဂ္ဂိုလ် ( ၃ ) ဦး ရှိပါတယ်။ မိုက်ကယ် ဂျော်ဒန် ၊ တိုက်ဂါးဝုဒ် နှင့် ဂျူလီယာ ရောဘတ်စ်တို့ပါ ။”လို့ ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် ကျွန်တော်တို့က မန်ယူနိုက်တက်ထက် ပိုကောင်းနေချိန် ဂျူလီယာ ရောဘတ်စ် အင်္ဂလန်ကိုလာတော့ သူက မန်ယူနိုက်တက်အသင်းထံ သွားခဲ့ပါတယ်ကျွန်တော်တို့ဆီ မလာခဲ့ပါဘူး။ ကျွန်တော် ချန်ပီယံလိဂ်ရရင်လည်းဂျူလီယာ ရောဘတ်စ် ကျွန်တော်တို့ဆီ မလာတဲ့အချက်ကို ကုစားပေးနိုင်မှာ မဟုတ်ပါဘူး
တကယ်တော့ အော်စကာဆုရှင် ဟော်လိဝုဒ် မင်းသမီး ဂျူလီယာ ရောဘတ်စ်က အကြီးစား မန်ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်ပြီး ဟိုတုန်းက လင်ဂတ်စ်ရဲ့ အင်စတာဂရမ်ပို့စ်အောက်တွေမှာတောင် ကွန်းမန့်တွေ လာရေးခဲ့ဖူးပါတယ်။