အဓိက ကစားသမားတွေ မပါဝင်နိုင်တာကြောင့် ရီးရဲလ်ဘက်တစ် နဲ့ ပွဲမှာ လူငယ်ကြယ်ပွင့်တွေကိုသာ အားကိုးရတော့မယ့် ယူနိုက်တက်
မန်ယူနိုက်တဒ်အသင်းရဲ့ရီးရဲလ်ဘက်တစ်အသင်းနဲ့ပွဲအတွ က် ပွဲကြိုပြင်ဆင်မှုတွေမှာ အဆိုး နဲ့ အကောင်း ဒွန်တွဲလျက်ရှိနေပါတယ်။တန်ဟဂ် အနေနဲ့ ဘက်တစ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာရ ကစားသမားတချို့ ပြန်ပြီး ပါဝင်လာနိုင်တာက သတင်းကောင်းဆိုရင် အဓိက ကစားသမားတချို့ကို လက်လွှတ်ရဖွယ်ရှိတာကတော့ သတင်းဆိုးဖြစ်ပါလိမ့်မယ်။
တန်ဟဂ် အနေနဲ့ မာဆယ်ဆဘစ်ဇာ ကို ယနေ့လေ့ကျင်ခန်းမှာ ပြန်လည်မြင်တွေ့ခဲ့ရပေမယ့် အန်တိုနီ ကိုတော့ မြင်တွေ့ရခြင်းမရှိပဲ ဘရာဇီးလ်သား က ဒဏ်ရာကြောင့်လေ့ကျင့်ရေး ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ယူနိုက်တဒ်ရဲ့ စပိန်ကိုထွက်ခွာသွားတဲ့လူစာရင်းမှာ ဆဘစ်ဇာပါဝင်လာပေမယ့် မာစီရယ် နဲ့ အန်တိုနီ ကတော့ ပါဝင်ခြင်းမရှိပဲလွဲချော်ထားပါတယ်။မာစီရယ် က လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် ဒဏ်ရာအရှင်းမပျောက်ကင်းသေးတာကြောင့်တန်ဟဂ်က ပွဲထွက်လူစာရင်းမှာ ချန်လှပ်ထားတာပဲ ဖြစ်ပါတယ်။
မာစီရယ် ရဲ့ဒီရာသီ ပွဲကစားချိန်က ဆောင်းရာသီမှာအငှားရောက်ရှိလာတဲ့ဝက်စ်ဂိုစ့်ထက်တောင်နည်းနေပြီးလက်ကျန် ပွဲစဉ်တွေမှာ သေချာပေါက် ပွဲဆက်ကစားနိုင်ရင်တောင် လာမယ့်ရာသီဆက်ရှိဖို့သေချာမှု မရှိတော့တဲ့ ကစားသမားပဲဖြစ်ပါတယ်။
အန်တိုနီ က ယမန်နေ့က မန်ချက်စတာမှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲကို အသင်းဖော်တွေနဲ့ သွားရောက်ခဲ့ပေမယ့် ယနေ့ စပိန်ကို ထွက်ခွာတဲ့ လူစာရင်းမှာမပါဝင်ခဲ့လို့ ကြံခိုင်မှု ပြသနာရှိနေနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။
ယူနိုက်တဒ်အတွက် ပကျော့မှာ (၄-၁) နဲ့ အနိုင်ရရှိထားတာကြောင့် ယခုပွဲစဉ်ဟာ ဖိအားကင်းတယ်လို့ ဆိုလို့ရပေမယ့်စပိန်မြေမှာဖြစ်တာကြောင့်စွန့်စားမှုတွေကိုအလွန်အ ကျူး ပြုလုပ်လို့တော့မရနိုင်ပါဘူး။
သို့သော်လည်း ယခုရာသီမှာ ရရှ်ဖိုဒ့်၊ဘရူနို၊မာတီနက်ဇ် တို့က ပွဲအရေတွက် အများအပြားကစားထားရတာကြောင့် အလွန်အကျွံ ဖိအားဖြစ်မှုကနေ ကာကွယ်နိုင်ဖို့ အနားပေးထားသင့်ပြီး အန်တိုနီ လည်း မပါဝင်နိုင်ချိန်မှာတော့ ဖာကွန်ဒိုပလက်စထွီ တို့ကို ပြန်ပြီး အချိန်ပေးရန် လိုအပ်ပါတယ်။
ယခုပွဲမှာ ကတ်စမဲရိုး ကပါဝင်လာမှာဖြစ်ပြီး ဆဘစ်ဇာ ကို အရံခုံတန်းမှာအသုံးပြုဖွယ်ရှိကာ ကိုဘီမိုင်နို ကို ပြန်ပြီးနေရာပေးဖွယ်ရှိပါတယ်။