sports Manu

ယူနိုက်တင်အသင်း ကို မက်လောက်စရာ အရာတွေ နဲ့ ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ကာတာလုပ်ငန်းစု

ယူနိုက်တင်အသင်း ကို မက်လောက်စရာ အရာတွေ နဲ့ ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ကာတာလုပ်ငန်းစု

မန်ယူနိုက်တဒ်အသင်းကိုဝယ်ယူရန်ကာတာအစိုးရနဲ့အပြိုင် INEOS ရဲ့ SJR က ကြိုးပမ်းနေပြီး လက်ရှိအချိန်မှာတော့ ပရိတ်သတ်အကြိုက် ကာတာတော်ဝင်မိသားစု က ဝယ်ယူနိုင်ဖို့ အလေးသာနေပြီလို့ သိရပါတယ်။

မန်ယူနိုက်တဒ်ကိုရောင်းချဖို့ဂလေဇာမိသားစုရဲ့ အကြံပေး အဖြစ် သတ်မှတ်ခံထားရတဲ့ Ranie Group နဲ့ နီးစပ်တဲ့ သူတွေရဲ့အဆိုအရ အမေရိကန်အကြံပေးအဖွဲ့စာ ကာတာ ရဲ့ ကမ်းလှမ်းမှုကို ပိုမိုသဘောကျတာကြောင့် ဂလေဇာမိသားစုကို လက်သင့်ခံရန် တိုက်တွန်းလျက်ရှိနေပြီး ဂျိုးလ် နဲ့ အေဗရမ် တို့ကလည်း ကာတာ ရဲ့ ကမ်းလှမ်းမှုအပေါ် ကျေနပ်လျက်ရှိတယ်လို့ သိရပါတယ်။

မန်ယူနိုက်တဒ်အသင်း တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ တစ်ပတ်မှာထဲက အသင်းကို ငွေကြေးထောက်ပံ့ပြီး ဂလေဇာ ရဲ့ရှယ်ယာရှင်တွေထဲပါဝင်လိုတဲ့Elloit Money Group က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပေမယ့် ရလာဒ်ကောင်း ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယခုတစ်ပတ်မှာတော့ကာတာ နဲ့ SJR ရဲ့ တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံရမှာဖြစ်ပြီး ကြာသပတေးနဲ့မှာ ကာတာ နဲ့ သောကြာနေ့မှာ SJR ကို ကာရင်တန် မှာ တွေ့ဆုံမှာပဲ ဖြစ်ပါတယ်။ကာတာ အဖွဲ့ကို ရှင်းပြဖို့ ယူနိုက်တဒ်ဘဏ္ဏာရေးမှုး နဲ့ ဂျွန်မားတော့ဂျ် တို့က ဦးဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ယူနိုက်တဒ်တာဝန်ရှိသူတွေက ဝယ်ယူသူတွေကို အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေ၊အပြောင်းရွှေ့အသုံးစားရိတ်၊လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေအပြင် နည်းပြကြီး တန်ဟဂ် ရဲ့ ရည်မှန်းချက်၊ရည်ရွယ်ချက်တွေကိုပါ ဖြည့်စွပ်ရှင်းပြကြမှာဖြစ်ပါတယ်။

ဝယ်ယူလိုသူတွေကလည်း သူတို့ရဲ့အသင်းအပေါ် ထားရှိတဲ့ရည်မှန်းချက်တွေသာမက ကွင်းတွင်း/ကွင်းပြင် ရင်းနှီးမြှပ်နှံ့မှုတွေ ပြုလုပ်ရန် ပြန်လည် တင်ပြသွားကြမှာဖြစ်ပါတယ်။

လက်ရှိအသင်းကိုဝယ်ယူလိုသူတွေအနက် ကာတာမိသားစုက ပေါင်(၅)ဘီလျံအသားတင် ကမ်းလှမ်းထားပြီး ဂလေဇာကြောင့်တင်ရှိတဲ့ အကြွေးတွေကို ရှင်းလင်းကာ တန်ဟဂ်ကို အပြည့်အဝထောက်ပံ့ပေးမှာဖြစ်ပြီး အိုးထရဒ့်ဖိုဒ့် နဲ့ ကာရင်တန် ကို လည်း အကြီးစားမွန်းမံပြင်ဆင်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

SJRကတော့မည်သည့်ကတိမှပြုလုပ်ထားခြင်းမရှိပဲ ပေါင် (၄.၅)ဘီလျံ နဲ့ ကမ်းလှမ်းထားပြီး အကြွေးရှင်ဘဏ်ကိုပါ ရှယ်ယာရှင်အဖြစ်ခေါ်ယူပြီး အကြွေး ချေဖို့ စီစဉ်ထားပါတယ်။