ယူ ၂၀ ကစားသမားအစုအဖွဲ့ နဲ့ နည်းပြသစ်လက်ထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် မြန်မာ့လက်ရွေးစင် အသင်း
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ၂၀၂၃ ခုနှစ် မတ်လမှစတင် ခန့်အပ်တာဝန်ပေး လိုက်သည်။
အသက် ၆၃ နှစ်အရွယ် မိုက်ကယ်သည် နည်းပြဘဝအား ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့် စတင်ခဲ့ပြီး ဂျာမနီ၊ဩစတြီးယား၊ အင်ဒိုနီးရှား၊မလေးရှား တို့မှကလပ်အသင်းများအား တာဝန်ယူခဲ့သည်။
၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ၁၇ လက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ မှစတင်ကာ မလေးရှားကလပ် ဆီလန်ဂေါတွင် နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ မိုက်ကယ်သည် လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက် အန်ဒရီ တို့နှင့်အတူ မြန်မာ့လက်ရွေးစင် အသင်းအား တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။
FIFA နိုင်ငံတကာ ခြေစမ်းပွဲမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မိုက်ကယ်၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးအပ်ထားသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သက်မှတ်ရက်(ဖီဖာ ခြေစမ်းပွဲနေ့)အတွင်းအိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများအား သွားရောက် ကစားမည်ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲပထမပွဲအဖြစ်အိန္ဒိယ လက် ရွေးစင် အသင်းနှင့် မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲဝင်မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦးစာရင်း ဂိုး – ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)
နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊ ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)
ရှေ့တန်း – ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန်CustomsUnitedသန်းပိုင် Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC)