ဂျမန်မြေမှာ ဂိုးသွင်းကြမ်းနေတဲ့ ပြင်သစ် တိုက်စစ်မှုး ကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ပြင်ဆင်လာတဲ့ ယူနိုင်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူးမူအာနီကိုလာမယ့်နွေရာသီကျရင် ကလပ်စံချိန်တင်ပြောင်းရွှေ့
ကြေးပေါင်(၁၀၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးမူအာနီဟာ ဒီရာသီမှာ
ဖရန့်ဖတ်အသင်းအတွက် ခြေစွမ်းပြနိုင်တာကြောင့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းက
လူစားဝင်ပြီးတော့ (၄၄)စက္ကန့်အကြာမှာပဲ ဂိုးသွင်းခဲ့တဲ့အတွက်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် လူစားဝင်ကစားသမားတွေထဲမှာ တတိယမြောက်အမြန်ဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီရာသီမှာဖရန့်ဖတ်အသင်းအတွက်(၃၄)ပွဲကစား၊ (၁၆)ဂို သွင်းထားတဲ့မူအာနီကိုယူနိုက်တက်အပြင်,ပြင်သစ်ထိပ်သီး PSG အသင်းကလည်း စိတ်ဝင်စားနေပြီးနှစ်သင်းစလုံးက လာမယ့်နွေရာသီမှာ တိုက်စစ်မှူးခေါ်ယူဖို့စီစဉ်နေကြတာဖြစ်ပါတယ်။
အခုဂျာမန်နာမည်ကျော်သတင်းစာBild က ယူနိုက်တက်အသင်းအနေနဲ့ မူအာနီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၀၅)သန်းအထိပေးပြီးတော့ကမ်းလှမ်းသွားဖို့ အသင့်ရှိနေတယ်လို့ အတိအလင်းဖော်ပြခဲ့ပါတယ်။