အသင်းတွက်က လိုအပ်နေတယ်ဆိုရင် ဘယ်နေရာမဆိုပေးဆပ်ကစားမှာပါလို့ ဆိုလိုက်တဲ့ မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရိုမာတီးနက်ဇ်ကနည်းပြအဲရစ် တန်ဟန့်ဟာ သူ့ကို ကွင်းလယ်ပိုင်းနေရာမှာ ပြောင်းလဲကစားခိုင်းမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး၊ သူ့အနေနဲ့ တန်ဟန့်ကဘယ်နေရာမှာ ကစားခိုင်းခိုင်း အသင့်ပြင်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်အသင်းကနေပြောင်းရွှေ့လာခဲ့ပြီး၊သူ့ရဲ့အရပ်အမောင်းကြောင့် အထင်သေးခြင်းခံခဲ့ရပေမယ့်အကောင်းဆုံးခြေစွမ်းမျိုးနဲ့ ကစား ပြထားနိုင်ခဲ့ပါတယ်။
မန်ယူအသင်းရဲ့ကွင်းလယ်ပိုင်းမှာ အဲရစ်ဆန်က ကာလရှည်ဒဏ်ရာကြောင့် အနားယူနေရသလို၊ကတ်စ်မဲရိုးကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် နောက်လေးပွဲကိုလွဲချော်သွားတော့မာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် တန်ဟန့်ဟာလာမယ့်ပွဲတွေမှာ မတ်တော်မီနေး၊ ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့ ရွေးချယ်စရာရှိနေတာတောင် မာတီးနက်ဇ်ကို အရှေ့ကို အနည်းငယ်တက်ကစားခိုင်းဖို့စဉ်းစားနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။
ထိုပြောဆိုမှုတွေအပေါ်မာတီးနက်ဇ်က ” ကျွန်တော်တို့မှာ ကောင်းတဲ့ကွင်းလယ်ကစားသမားတွေအများကြီးရှိပါတယ်။ အင်တာဗျုးအတော်များများမှာ ကျွန်တော် ပြောခဲ့သလိုပဲ၊နည်းပြက ကျွန်တော့်ကို အသုံးပြုချင်တဲ့ ဘယ်နေရာမှာမဆိုကျွန်တော် ကစား သွားမာပါ ” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်၍ မန်ယူပရိသတ်တွေအပေါ် မာတီးနက်ဇ်က ချီးကျုးစကားပြောဆိုခဲ့ပါတယ်။”ဘောလုံးဆိုတာ ဝါသနာတစ်ခုလိုပဲဗျ၊ အဲ့ဒါက ကိုယ့်ရဲ့ နှလုံးသားနဲ့ကစားရတာပါ။ ပရိသတ်တွေနဲ့ အဲ့ဒီလို ဆက်သွယ်မှုမျိုး ကျွန်တော့်မှာ ရှိပါတယ်၊ကျွန်တော့်အနေနဲ့ ဒီအတိုင်း ဆက်သွားပြီးတော့၊ ဆက်နွယ်မှုကို ထိန်းသိမ်းထားရမယ်။
ကျွန်တော်နဲ့ ပတ်သက်ပြီး အော်ဟစ်အားပေးသံတွေကြားရတာကကျွန်တော့်အတွက် အရမ်းပျော်စရာကောင်းပါတယ်။ အင်္ဂလန်မှာရှိတဲ့အကောင်းဆုံးအသင်းဆီ လာရတာက ကျွန်တော့်အတွက် အိပ်မက်ပါပဲ၊ကျွန်တော် အရမ်းပျော်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။