လာမယ့်ရာသီ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်မယ့်အချက်ကို ထောက်ပြခဲ့တဲ့ နည်းပြ တန်ဟက်ဂ်
မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ လက်ရှိရာသီအတွက်ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့လိုက်ပြီဖြစ်ပြီးလာမယ့်ဘောလုံးရာသီမှာ ချန်ပီယံ ဆုကို ခပ်တင်းတင်းစိန်ခေါ်နိုင်ဖို့အတွက် လုပ်ရမယ့်အချက်တွေကို ပြောပြပါတယ်။
ယူနိုက်တက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာပဲ ရခဲ့တာကြောင့်ယူရိုပါလိဂ်ဝင်ခွင့်ပဲ ရခဲ့ပါတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ရောက်နေပြီးလာမယ့်ဘောလုံးရာ သီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်သေချာသလောက်ကို ဖြစ်နေပါတယ်။
ဒါ့အ ပြင် ၆ နှစ်လောက်ဆုဖလား မိုးခေါင်ရေရှားဖြစ်နေတဲ့အသင်းကိုကာရာဘောင်ဖလားယူပြီးဆုဖလား ငတ်မွတ် ခေါင်းပါးမှု အဆုံးသတ်နိုင်ခဲ့တဲ့နည်းပြ တန်ဟတ်ဟာ ပရီးမီးယားလိဂ်ကိုလည်း ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။
ဒါပေမဲ့လည်း နောက်တစ်ဆင့်တက်ပြီး ပရီးမီးယားလိဂ်စိန်ခေါ်ချင်တယ်ဆိုရင်တော့ လက်ရှိထက်ပိုကောင်းအောင်လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တော်တော်လေးအလုပ်ဖြစ်နေပြီလို့ ထင်ပါတယ်။
ဒါပေမဲ့ ကွာခြားချက်တွေရှိနေသေးတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ခေါင်းထဲ ထည့်ထားရမယ်။ဒီလို ကွာခြားချက်ကို ချက်ချင်းကြီး ကျဉ်းသွားအောင် လုပ်နိုင်မယ်လို့ကျွန်တော်မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ပွဲတိုင်းကို ကျွန်တော်တို့ အနိုင်လိုချင်တယ်။ပြိုင်ဘက်က အဓိက မကျပါဘူး။
အခုထိ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲတွေအားလုံးကို ကြည့်လိုက်ရင် အနိုင်ရဖို့ ကြိုးစားခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ကျွန်တော်တို့ ထိပ်သီးအသင်းအားလုံးကို အနိုင်ယူထားတယ်။ဒါကြောင့်ကျွန် တော်တို့ လုပ်ပြနိုင်နေပါပြီ။ ဒါပေမဲ့ အခုထက်ပိုပြီးလွှမ်းမိုးနိုင်ဖို့က နောက် တစ်ဆင့်ကို တက်ရပါမယ်။
ပိုပြီး တသမတ်တည်းရှိဖို့လိုတယ်။ ဒါကြောင့် တချို့ဟာတွေကျွန်တော်တို့ လုပ်ရမှာပါ။ ဒီတစ်ခါတော့ ကျွန်တော်တို့လုပ်နိုင်ပြီလို့ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ တခြားကစားသမားတွေနဲ့နည်းပြတွေရဲ့ မှတ်ချက်တွေ ကိုလည်း ကြားရမှာပါ။ပရီးမီးယားလိဂ်ဟာ ဘယ်တုန်းကမှ မခက်ခဲဘူးဆိုတာမျိုး မရှိပါဘူး။
ချန်ပီယံလောင်းအသင်းတွေက အများကြီး။ နှစ်ကောင်တည်းပြေးနေတဲ့မြင်းပြိုင်ပွဲမျိုးလည်း မဟုတ်ဘူး။ ငါးကောင်၊ ခြောက်ကောင်၊ခုနစ်ကောင်လောက် အပြေးပြိုင်နေတဲ့ ပွဲပါ။ ဒါကြောင့် ချန်ပီယံဆုလိုချင်တယ်ဆိုရင် အရမ်းကို ကောင်းနေမှ ရမယ်’’ လို့ တန်ဟတ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။