Manu sports

မက်ကွိုင်းယားဟာတကယ့်လေးစားစရာစံပြ ခေါင်းဆောင် ဖြစ်လာပြီလား

မက်ကွိုင်းယားဟာတကယ့်လေးစားစရာစံပြ ခေါင်းဆောင် ဖြစ်လာပြီလား

မက်ဂွိုင်းယားအသင်းချစ်တာနည်းနည်းထူးဆန်းတယ်။ အသင်းခေါင်းဆောင်တယောက်၊ ကိုယ်လဲမကစားရဘူး။ လုပ်ခလစာကောင်းကောင်းလဲရှိတယ်။ နိုင်ငံအသင်းမှာလဲရွေးချယ်ခံရတယ်။

ဒါကိုနည်းပြရဲ့အစီစဥ်အားလုံးကိုလက်ခံပြီး လေ့ကျင့်ခန်းမှာ ကောင်းကောင်းကြိုးစားနေကြောင့်အင်တာဗျူးမှာပြောခဲ့တယ်။

နောက်တစ်ခုက ဘယ်သူ့ကိုမှအပြစ်ပုံချပြီးကိုယ်အဆင် မပြေတာကိုကာဗာယူပြီး အသင်းကိုစိတ်ပျက်ကြောင်း မပြောဘူး။ ကစားရသည့်ဖြစ်၊ မကစားရသည်ဖြစ်သူဟာ အသင်းရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်ဆိုတာကိုသူအမြဲထုတ်ပြောတယ်။

တယောက်ကိုတယောက်ပစ်ပယ်ကြတဲ့ပုံစံမျိုးမဟုတ်ပဲ သူ ကောင်းကိုယ်ကောင်းဖြစ်အောင်လေးလေးစားစားနဲ့ ဆက် ဆံလို့ရတဲ့ Type ထဲမှာပါတယ်ဆိုတာ နည်းပြကြီး ကသက်သေပြထားတယ်။

အသင်းကိုစရောက်တုန်းက ခြေစွမ်းအရပြောစရာမရှိခဲ့ပေမယ့် နောက်ပိုင်း အက်ဆီးဒင့်ဖြစ်ပြီးတဲ့နောက်မှာခြေစွမ်းအရအရမ်းဆိုးဝါးနေခဲ့တယ်။ မနေ့ကပွဲမှာတော့ သူရဲ့တိုးတက်လာတဲ့ပုံစံတခု၊ သူအပြောနေကျ အရေးကြီးတဲ့အခန်းကဏ္ဍကိုပြသခဲ့တယ်။

အရင်လိုမဟုတ်ပဲနည်းနည်းငြိမ်သွားတဲ့ပုံစံတခုအမြင့်ဘော ၃ ကြိမ်လုံးရှင်းထုတ်နိုင်မူ၊ ကြားဖြတ်ဝင်လုမူ၊ ဘောလုံးဆယ်ယူမူ ၂ ကြိမ်စီနဲ့ အရေးပါတဲ့ပိတ်ဆို့မူ ၁ ကြိမ်လုပ်ထားနိုင်ခဲ့တယ်။ အရမ်းကြီးမဟုတ်ပေမယ့် အရင်ပွဲတွေထက်တိုးတက်လာတာကိုတွေ့ရပါတယ်။

မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်တယောက်အ ဖြစ်ရှိနေပြီး ယူနိုက်တက်နဲ့အတူဆုဖလားကိုင်မြောက်ခွင့်ရနိုင်ဖို့ကသူ့အိမ်မက်ဖြစ်ကြောင်း EFL ဖလားမတိုင်မှီအင်တာဗျူးတခုမှာပြောဖူးပါတယ်။ #Marna#GlazersOutCrd Manchester United version