Manu sports

ဂိုးတွေဖြုန်းတီးခဲ့တာခြင်းအတူတူ ဗက်ဟော့စ် ကို မှ ရွေးပြီး လှောင်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်များ

ဂိုးတွေဖြုန်းတီးခဲ့တာခြင်းအတူတူ ဗက်ဟော့စ် ကို မှ ရွေးပြီး လှောင်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်များ

ဘောလုံးပရိသတ်များဟာ ဘက်တစ်နှင့်ပွဲတွင် ယူနိုက်တက်အတွက်ဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုဖြုန်းတီးခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ကိုဟာသလုပ်နေကြပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်ဘက်တစ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပထမအကျော့ပွဲစဉ်တုန်းကဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာစပိန်တွင်ကစားတဲ့ဒုတိယအကျော့ပွဲစဉ်တွင်လည်းထပ်မံဂိုးသွင်းနိုင်မဲ့အခွင့်အရေးကောင်းကြီးကြုံခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးတွင်ဘရူနိုဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကနေကျလာတဲ့ဘောလုံးကိုဖာကန်ဒိုပယ်လစ်ထရီကဘော်လီကန်သွင်းခဲ့ပါတယ်။ယင်းကိုဝက်ဟော့စ်ကထပ်ဆင့်ပိတ်ရာမှမဆိုစလောက်ကလေးလွဲသွားခဲ့ပြီးဂိုးရရှိမဲ့အခွင့်အရေးအသုံးမချနိုင်ခဲ့ပါဘူး။

ဘောလုံးဟာတိုင်သွားပြီးဘက်တစ်နောက်ခံလူရဲ့ရှင်းထုတ်ခြင်းခံခဲ့ရပါတယ်။ယင်းသို့ဝက်ဟော့စ်ဂိုးမသွင်းနိုင်ခဲ့မှုနဲ့ပတ်သက်ပြီးဘောလုံးပရိသတ်များဟာအွန်လိုင်းတွင်ဟာသနှောပြောဆိုလျက်ရှိကြပါတယ်။

ပရိသတ်တစ်ဦးက “ဒတ်ချ်သားတစ်ယောက်အနေနဲ့ဝေါက်ဝက်ဟော့စ်အတွက်တောင်းပန်ပါတယ်ဗျာ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ဝက်ဟော့စ်ဟာဂိုးအလားဂျစ်ရှိတယ်”လို့ဆိုသွားပါတယ်။

တကယ်တော့ယင်းပွဲတွင်ဝက်ဟော့စ်တစ်ဦးတည်းသာအပိုင်အခွင့်အရေးဖြုန်းတီးခဲ့တာမဟုတ်ပါဘူး။မားကပ်စ်ရက်ဖို့ဒ်ဟာလည်းအပိုင်အခွင့်အရေးဖြုန်းတီးမှုပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၅-၁ဖြင့်ကွာတားဖိုင်နယ်သို့တက်သွားခဲ့ပါတယ်။